14-12-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1041
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ပြည်တွင်း စီးပွား
မြန်မာ့ပို့ကုန် ဈေးကွက်သတင်း

ဆန်

ဆန်တင်ပို့မှုနှင့် ပတ်သက်၍ ယခင်နှစ်က နိုင်ငံပေါင်း ၅၁ နိုင်ငံသို့ တင်ပို့နိုင်ခဲ့သော်လည်း ယခုနှစ်တွင် နိုင်ငံပေါင်း ၅၄ နိုင်ငံသို့ တင်ပို့နိုင်ခဲ့ သည်။ ယခုနှစ်တင်ပို့ခဲ့သော ၅၄ နိုင်ငံကို ကြည့်လျှင် နိုင်ငံပေါင်း ၂၂ နိုင်ငံ မှာ ယခုနှစ်တွင် အသစ်တင်ပို့ ခဲ့ရသည့် နိုင်ငံများဖြစ်ပြီး နိုင်ငံပေါင်း ၃၃ နိုင်ငံက နှစ်စဉ်ပုံမှန်ဈေးကွက်ရရှိထားသည့် နိုင်ငံများဖြစ်ကြသည်။ ယခုနှစ်တွင် ဈေးကွက်ပျောက်သွားသော နိုင်ငံ ၁၉ နိုင်ငံရှိပြီး၊ ဈေးကွက်အသစ်ရရှိ သည့် နိုင်ငံများက ထိုနိုင်ငံများထက် ဆန်ပိုမိုတင်ပို့ ရသော နိုင်ငံဖြစ်ကြောင်း တွေ့ရှိရပါသည်။ ဆန်တင်ပို့မှုဈေးကွက်သစ်ရရှိလာသော နိုင်ငံများမှာ သြစတြေးလျ၊ ဘီနင်၊ ကင်မရွန်း၊ ကိုလံဘီယာ၊ ကော့စတာရီကာ၊ အိုင်ပရီကို့စ်၊ ခရိုအေးရှား၊ ဆိုက်ပရပ်စ်၊ အက်စ်တိုးနီးယား၊ ဂီနီ၊ အစ္စရေး၊ မက်ဒါဂါစကား၊ နိုင်ဂျီးရီးယား၊ ပါကစ္စတန်၊ ပါပူဝါနယူးဂီနီ၊ ဆလိုပက်ကီးယား၊ စလိုဘေးနီးယား၊ သီရိလင်္ကာ၊ တိုဂို၊ အမေရိကန်၊ ဗင်နီဇွဲလားနှင့် ဗီယက်နမ်နိုင်ငံတို့ဖြစ်ကြ သည်။ ဆန်ကွဲတင်ပို့မှုအနေနှင့်လည်း ယခင်နှစ်က နိုင်ငံပေါင်း ၂ဝ သို့ တင်ပို့ နိုင်ခဲ့သော်လည်း ယခုနှစ်တွင် နိုင်ငံပေါင်း ၃၃ နိုင်ငံ သို့ ပိုမိုတင်ပို့နိုင်သည်ကို တွေ့ရသည်။ ပုံမှန်ဈေးကွက်ရနေသော နိုင်ငံမှာ  ၁၁ နိုင်ငံရှိပြီး၊ ဈေးကွက် ပျောက်သွားသော နိုင်ငံမှာ ၉ နိုင်ငံရှိသည်။ ယခုနှစ်တွင် ဈေးကွက်အသစ် အဖြစ်ရရှိသော နိုင်ငံပေါင်း မှာ ၂၂ နိုင်ငံရှိလာသည်။ ဈေးကွက်သစ်ရရှိသော နိုင်ငံများမှာ အာဖဂန်နစ္စတန်၊ ဘော့စ်ဆွာနာ၊ ကနေဒါ၊ အိုင်ဗရီကို့စ်၊ အီရီထရီးယား၊ ဖီဂျီ၊ ဂျာမနီ၊ ဂရိ၊ ဂီနီ၊ အင်ဒိုနီးရှား၊ လာအို၊ လစ်သူယေး နီးယား၊ မလေးရှား၊ နီပေါ၊ နယူးဇီလန်၊ နိုင်ဂျာ၊ ပေါ်တူဂီ၊ ဆော်ဒီအရေး ဗီး ယာ၊ ဆလိုဗက်ကီးယား၊ စပိန်၊ သီရိလင်္ကာနှင့် အမေရိကန်နိုင်ငံတို့ ဖြစ်ကြပါ သည်။

ပဲမျိုးစုံတင်ပို့မှု

ဧပြီ ၂၉ ရက်မှ မေ ၆ ရက်အထိ ပြည်ပသို့ ပဲမျိုးစုံ တင်ပို့မှုမှာ ဇယား - ၁ အတိုင်းတွေ့ရှိရပါသည်။

ဇယား-၁ (ရေတွက်ပုံ-တန်)

ပဲအမျိုးအမည် ၂၉-၄-၂ဝ၁၇ ၆-၅-၂ဝ၁၇
မတ်ပဲ
ပဲတီစိမ်း
ပဲစင်းငုံ
ကုလားပဲ
ပဲလွန်းဖြူ
မြေထောက်ပဲ
၁၃၂၈၆၅
    ၆၄၉၁၇
    ၈၉၇၇၉
    ၁၈၉၉၃
    ၉၁ဝ၎
    ၆၅ဝ၇
   ၁၃၉၆၆
    ၃၈၂ဝ
    ၅ဝ၁ဝ
    ၁၈၉၂
    ၄၇ဝ
    ၁၄၄

ယခုတစ်ပတ် ၁၂-၅-၂ဝ၁၇ နေ့ထိ ဘုရင့်နောင်ပဲဈေးကွက်တွင် မတ်ပဲ နှင့် ပဲစင်းငုံနီဈေးပြန်လည် တက်ရိပ်ပြလာသည်။ မတ်ပဲ FAQ (RC) ၏ ဈေးသည် ယခင်တစ်ပတ်က တစ်တန်လျှင် ကျပ် ၉၂၂ဝဝဝ သာ ရှိခဲ့သော် လည်း ယခုတစ်ပတ်တွင် ကျပ် ၉၆၅ဝဝဝ ထိ ဈေးတက်လာသည်။ မတ်ပဲ  SQ (RC) လည်း ယခင်တစ်ပတ်က တစ်တန်လျှင် ၁၁၆၆ဝဝဝ သာရှိခဲ့သော် လည်း ယခုတစ်ပတ်တွင် ကျပ် ၁၂၁၃၅ဝဝ ထိ ဈေးတက်လာပါသည်။ ပဲစင်း ငုံနီဈေးမှာ ယခင်တစ်ပတ်က တစ်တန်လျှင် ကျပ် ၆၃၃ဝဝဝ ထိ  ဈေးကျခဲ့ သော်လည်း ယခုတစ်ပတ်တွင် ကျပ် ၆၆၃ဝဝဝ ထိ ဈေးပြန်တက်လာသည်။ ယခုတစ်ပတ် မန္တလေးဈေးကွက်တွင်လည်း မတ်ပဲ၊ ပဲစင်းငုံတို့ အရောင်း အဝယ်သွက်ခဲ့သည်။ ရန်ကုန်တွင် မတ်ပဲနှင့် ပဲစင်းငုံနီဈေးများ မြင့်တက်လာ ခဲ့သောကြောင့် ဝယ်လိုအားများခဲ့ပြီး မန္တလေး ကုန်စည်ဒိုင်တွင်လည်း ဈေး မြင့်လာခဲ့သည်။ ယခင်တစ်ပတ်က မတ်ပဲတစ်ပိဿာလျှင် ကျပ် ၁၅ဝဝ နှင့်  ဈေးကျခဲ့သော်လည်း ယခုတစ်ပတ်တွင် မတ်ပဲ တစ်ပိဿာလျှင် ကျပ် ၁၆၁၇ ကျပ် (တစ်တန်လျှင် ကျပ် ၉၉ဝ၂၃ဝ) နှင့် ဈေးမြင့်တက်လာခဲ့သည်။ တစ်နေ့လျှင် အိတ် ၄ဝဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်က ပဲစင်းငုံတစ်ပိဿာလျှင် ၉၃၃ ကျပ်အထိ ဈေးကျခဲ့သော်လည်း ယခု တစ်ပတ်တွင် ကျပ် ၁ဝဝဝ (တစ်တန်လျှင် ကျပ် ၆၁၂၃၉ဝ) နှင့် ဈေးတက်လာ ခဲ့သည်။

မောင်သုံးသပ်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.