29-6-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ရခိုင်ကမ်းရိုးတန်းတွင် ငါးဖမ်းဆီးရရှိမှုနည်းပါးလာသည့်အတွက် ငါးဖမ်းကိရိယာများ ပြောင်းလဲသုံးစွဲလာကြ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1017
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ပြည်တွင်း စီးပွား
ကမ္ဘာ့ကောက်ပဲသီးနှံဈေးကွက်သတင်း

ဆန်

ကမ္ဘော့ဒီးယားနိုင်ငံသည် ၂ဝ၁၇ ခုနှစ် ပထမသုံးလပတ်အတွင်း တရုတ် နိုင်ငံသို့ ဆန်တန်ချိန် ၆၇၄၈၂ တန် တင်ပို့ခဲ့ပြီး ထိုပမာဏသည် ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၈၂ ရာခိုင်နှုန်း ပိုမိုတင်ပို့နိုင်ခဲ့ပါသည်။ တရုတ်နိုင်ငံသည် ကမ္ဘောဒီးယားဆန်များကို အများဆုံး ဝယ်ယူသည့် နိုင်ငံ ဖြစ်ပြီး တရုတ်နိုင်ငံပြီးလျှင် ပြင်သစ်၊ ပိုလန်၊ ဗြိတိန်နှင့် နယ်သာလန် တို့သည်လည်း ကမ္ဘောဒီးယားဆန်ကို အများအပြား ဝယ်ယူသည့်နိုင်ငံများဖြစ်ကြသည်။ ကမ္ဘောဒီးယားနိုင်ငံအနေနှင့် ယခုနှစ် တွင် တရုတ်နိုင်ငံသို့ ဆန်တန် ချိန်နှစ်သိန်းရောင်းချရန် မျှော်မှန်းထားသည်။ ကမ္ဘောဒီးယားနိုင်ငံသည် ယခု နှစ် ဇန်နဝါရီလမှ မတ်လအတွင်း နိုင်ငံပေါင်း ၅၃ နိုင်ငံသို့ ဆန်တန်ချိန် စုစုပေါင်း ၁၆၆၆၇၈ တန် တန်ပို့နိုင်ခဲ့သဖြင့် ယခင်နှစ်ကထက် သုံးရာခိုင်နှုန်း ပိုမိုတင်ပို့နိုင်ခဲ့ပါသည်။ ကမ္ဘောဒီးယားနိုင်ငံသည် တစ်နှစ်လျှင် စပါးတန်ချိန် ကိုးသန်းကျော်ထွက်ရှိပြီး နှစ်စဉ်ပြည်ပ သို့ ဆန်များ တင်ပို့ပြီးနောက် လက်ကျန် တန်ချိန် သုံးသန်းကျော်အား ပြည်တွင်း၌ စားသုံးလျက်ရှိသည်။

အာရှဆန်တင်ပို့သည် နိုင်ငံများတွင် ဖြစ်ပေါ်နေသော ဆန်ပို့ကုန် FOB ဈေးနှုန်းများ အခြေအနေပြဇယား။

ဇယား-၁ (ဈေးနှုန်း USD.PMT)

ဆန်အမျိုးအမည် ၂၈-၃-၂ဝ၁၇ ၃-၅-၂ဝ၁၇
ထိုင်းဆန်ဖြူ    ၁ဝဝ%
ထိုင်းဆန်ဖြူ    ၅%
ထိုင်းဆန်ဖြူ    ၂၅%
ထိုင်းပေါင်းဆန်
ဗီယက်နမ်ဆန်ဖြူ    ၅%
ဗီယက်နမ်ဆန်ဖြူ    ၂၅%
ပါကစ္စတန်ဆန်ဖြူ    ၂၅%
ပါကစ္စတန် ပေါင်းဆန်
အိန္ဒိယဆန်ဖြူ    ၂၅%
အိန္ဒိယ ပေါင်းဆန်
၎ဝ၂
    ၃၈၇
    ၃၇၂
    ၄ဝ၂
    ၃၅၂
    ၃၃၅
    ၃၃၅
    ၄၁၅
    ၃၇ဝ
    ၃၇၅
၎ဝ၈
    ၃၉၃
    ၃၇၇
    ၄၁၃
    ၃၅ဝ
    ၃၃၅
    ၃၇ဝ
    ၄၁၅
    ၃၇ဝ
    ၃၇၅

အိန္ဒိယဈေးကွက်ပဲ ဈေးနှုန်း

မွမ်ဘိုင်းဈေးကွက်တွင် ဖြစ်ပေါ်နေသည့် ပဲမျိုးစုံဈေးနှုန်းများ အခြေအနေ ပြဇယား။

ဇယား-၂ (ရေတွက်ပုံ-တန်)

ပဲအမျိုးအမည် ၂၇-၄-၂ဝ၁၇ ၄-၅-၂ဝ၁၇
မတ်ပဲ
ပဲစင်းငုံ
ပဲတီစိမ်း
ကုလားပဲဖြူလုံးကြီး
၈၅၈
    ၆ဝ၈
    ၇ဝ၇
    ၉၂ဝ
၇၉၄
    ၅၇၆
    ၇ဝဝ
    ၈၉၅

အိန္ဒိယနိုင်ငံတွင် ကုလားပဲနှင့် ပဲစင်းငုံဈေးများအပေါ်တွင် ဖိအားပေးမှု များ ဆက်လက်တည်ရှိနေသည့်အတွက် ဈေးနှုန်းများမှာ ယခင်က ရောက်ရှိ ခဲ့သော ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ရူပီး ၁ဝဝ မှ ၁၅ဝ ကြား ကျဆင်းနေ သည်။ ဝယ်ယူဖြည့်တင်းရေး အေဂျင်စီများက ပဲစင်းငုံကို အနိမ့်ဆုံး ထောက်ပံ့ နှုန်းဖြင့် ဝယ်ယူမှုကို ရပ်ဆိုင်းလိုက်ချိန်တွင် ပြည်တွင်းဈေးကွက် အတွင်းသို့ ပဲစင်းငုံများ အဝင်လှိုင်လာခြင်း၊ မြန်မာနိုင်ငံမှ တင်သွင်းသော ပဲစင်းငုံများဝင် လာခြင်းနှင့် ဗဟိုသိုလှောင်ရေးဌာနတွင် သိုလှောင်ထားသော ပဲစင်းငုံများကို စတင်လေလံတင်ရောင်းချခြင်းတို့ကြောင့် လွန်ခဲ့သော ရက်သတ္တနှစ်ပတ်အ တွင်း ပဲစင်းငုံဈေးများ ရူပီး ၃၈ဝဝ မှ ၃၉ဝဝ အတွင်းရှိပြီး ထပ်မံကျဆင်းမည့် အလားအလာတွေ့ရသည်။ ယခုနှစ်တွင် အထွက်နှုန်းမြင့် တက်မည်ဟု ခန့်မှန်း ထားသည့်အတွက် ကုလားပဲ ဈေးနှုန်းများလည်း ကျဆင်းခဲ့သည်။ ကုလားပဲ ဈေးမှာ တစ်ကွင်တယ်လျှင် ရူပီး ၅ဝဝဝ မှ ၅၅ဝဝ ကြားရှိသည်။ ပြည်ပမှ တင်သွင်းသော ကုလားပဲမှာ ဝယ်လိုအားကျဆင်းမှုကြောင့် လျှော့ဈေးဖြင့် ရောင်းချလျက်ရှိသည်။ မတ်ပဲမှာ အနိမ့်ဆုံး ဈေးသို့ ရောက်ရှိနေသည်။ သို့ သော် ပဲအဝင်မှာ ကျဆင်းလျက်ရှိသည်။ ပဲတောင်သူ တို့ကလည်း လက်ရှိ ဈေးနှုန်းအတိုင်း ရောင်းလိုသော ဆန္ဒမရှိကြ။ မတ်ပဲဈေးမှာ တစ်ကွင်တယ် လျှင် ရူပီး ၅၅ဝဝ မှ ၅၆ဝဝ နှုန်းရှိသည်။ မေလကုန်တွင် ဈေးနှုန်းများပြန်တက် လာနိုင်မည်ဟု ခန့်မှန်းထားသည်။

မောင်သုံးသပ်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.