14-12-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1041
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ပြည်တွင်း စီးပွား
မြန်မာ့ပို့ကုန် ဈေးကွက်သတင်း

ဆန်

ဧပြီ ၁၅ ရက်မှ ၂၁ ရက်အတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေး စခန်းများမှ ဆန်တန်ချိန် ၈၃ဝဝ ကျော် တင်ပို့ခဲ့ရာ မူဆယ်မှ ငစိန်ဆန် ၂ဝ၃၁ တန်နှင့် ဧည့်မထဆန် ၂၅၉၆ တန်၊ ချင်းရွှေဟော်မှ ငစိန်ဆန် ၁၇၅ တန်၊ လွယ်ဂျယ်မှ ငစိန်ဆန် ၃၄၉၉ တန်ကျော် တင်ပို့ခဲ့သည်။ ယခင်တစ် ပတ်နှင့် နှိုင်းယှဉ်ပါက စုစုပေါင်း ဆန်တန်ချိန် ၉၄၆ဝ လျော့နည်းသွားခဲ့ သည်။ ဧပြီ ၉ ရက်မှ ၁၅ ရက်အတွင်း ပင်လယ်ရေကြောင်းမှ ဆန်တန်ချိန် ၁ဝ၇၃၉ တန် တင်ပို့ခဲ့ရာတွင် စင်ကာပူသို့ ဧည့်မထ ဆန် ၂၁ဝ၅ တန်၊ တရုတ်နိုင်ငံသို့ ဧည့်မထဆန်တန်ချိန် ၅ဝဝ နှင့် ငစိန်ဆန်တန် ၂၄ဝ၊ ဟောင် ကောင်သို့ ငစိန်ဆန် ၇၅ တန်၊ သီရိလင်္ကာသို့ ဧည့်မထဆန်တန် ၃၇ဝ၊ မက် ဒါဝါးစတားနိုင်ငံသို့ ဧည့်မထဆန်တန်ချိန် ၄၂၄ဝ နှင့် ငစိန်ဆန် ၈၇၅ တန်၊ ရုရှားသို့ ပေါင်းဆန် ၂၇၅ တန်နှင့် ဧည့်မထဆန် ၂၃၅ တန်၊ အီးယူနိုင်ငံများ သို့ ဧည့်မထ ဆန် ၅၉၃ တန်နှင့် အင်ဒိုရာနိုင်ငံသို့ ဧည့်မထဆန်  ၁၁၉၁ တန် တင်ပို့ခဲ့သည်။ ယခင်တစ်ကထက် စုစုပေါင်း ၄၇၄၆ တန် ပိုမိုတင်ပို့ခဲ့ ပါတယ်။

ယခုတစ်ပတ် ရန်ကုန်ဆန်ဈေးကွက်တွင် ဆန်အဝင်နည်းသဖြင့် ဆန် ချောရော၊ ဆန်ကြမ်းပါ ဈေးတက်လာသည်။ ဧည့်မထဆန်၊ အိတ်စပို့ ၂၅ မှတ် ဆန်တစ်အိတ်၏ ဈေးမှာ ကျပ် ၁၅၈ဝဝ မှ ၁၆ဝဝဝ အထိ ရှိပါသည်။ ရန်ကုန်သို့ ဆန်အဝင်နည်းရခြင်းမှာ ဆန်ကြိုပွိုင့်ဝယ်ယူထားသူများအတွက် ဦးစားပေးအပ်နေရသောကြောင့်ဖြစ်သည်ဟု သိရသည်။

ပဲမျိုးစုံ တင်ပို့မှု

ဧပြီ ၈ ရက်မှ ၁၅ ရက်အထိ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုမှာ ဇယား -၁ အတိုင်း တွေ့ရှိရပါသည်။

ဇယား-၁ (ရေတွက်ပုံ-တန်ချိန်)

ပဲအမျိုးအမည် ၈-၄-၂ဝ၁၇ ၁၅-၄-၂ဝ၁၇
မတ်ပဲ
ပဲတီစိမ်း
ပဲစင်းငုံ
ကုလားပဲ
ပဲလွန်းဖြူ
မြေထောက်ပဲ
၁၁၆၃၆၁
    ၅၅၁၅၈
    ၇၇၉၁၉
    ၁၅ဝဝ၃
    ၇၈၆၉
    ၅၆၅၁
၁၂၈ဝဝ
    ၇၅၅၉
    ၈၉၁၂
    ၂၉၁ဝ
    ၁ဝ၉၁
    ၇၈၄

ယခုတစ်ပတ် ၂၈-၄-၂ဝ၁၇ ထိ ဘုရင့်နောင်ပဲဈေးကွက်တွင် မတ်ပဲ၊ ပဲစင်းငုံနီဈေးတို့ကျခဲ့သည်။ မတ်ပဲ FAQ (RC) ဈေးမှာ မတ်လနောက်ဆုံး ပတ်က တစ်တန်လျှင်  ကျပ် ၁ဝ၅၂ဝဝဝ၊ ဧပြီလ တတိယပတ်တွင် ကျပ် ၁ဝ၆၆ဝဝဝ ရှိခဲ့ရာမှ ယခုတစ်ပတ်တွင် ကျပ် ၁ဝဝ၄ဝဝဝ သို့ ဈေးကျလာပါ သည်။ ထို့အတူ မတ်ပဲ SQ (RC) ဈေးမှာလည်း မတ်လ နောက်ဆုံးပတ်က ကျပ် ၁၂၇ဝဝဝဝ၊ ဧပြီလ တတိယပတ်တွင် ကျပ် ၁၃၃၂၅ဝဝ ရှိခဲ့ရာမှ ယခုတစ်ပတ်တွင် ကျပ် ၁၂၅၂ဝဝဝ သာရှိသဖြင့် ဈေးကျလာပါသည်။ ပဲစင်း နီဈေးမှာလည်း မတ်လနောက်ဆုံးပတ်က ကျပ် ၇၄၅ဝဝဝ၊ ဧပြီလ တတိယ ပတ်က ကျပ် ၇၃ဝဝဝဝ ရှိခဲ့ရာမှ ယခုတစ်ပတ်တွင် ကျပ် ၆၈၇၅ဝဝ သို့ ဈေးကျသွားပါသည်။

မူဆယ်ဈေးကွက် ပြောင်းဈေးတက်
    ယခုတစ်ပတ် ၂၈-၄-၂ဝ၁၇ ထိ မူဆယ်ဈေးကွက်တွင် အစေ့ထုတ် ပြောင်းဈေးတက်လာခဲ့သည်။ မတ်လနောက်ဆုံးပတ်တွင် အစေ့ထုတ်ပြောင်း ၅ဝ ကီလိုတစ်အိတ်လျှင် ၆၄ ယွမ်မှ ၆၈ ယွမ်ဈေးသာရှိခဲ့သော်လည်း ယခု တစ်ပတ်တွင် တစ်အိတ်လျှင် ၆၈ ယွမ်မှ ၇၅ ယွမ် (တစ်တန်လျှင် ယွမ် ၁၃၆ဝ မှ ၁၅ဝဝ) ထိ ဈေးမြင့်လာပါသည်။ အရောင်းအဝယ်အနေဖြင့် မတ်လ နောက်ဆုံးပတ်က တန်ချိန် ၂၂၄ဝဝ တင်ပို့နိုင်ခဲ့သော်လည်း ယခုတစ်ပတ် တွင် တန်ချိန် ၁၅ဝဝဝ သာတင်ပို့နိုင်ခဲ့ပါသည်။

မောင်သုံးသပ်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.