25-5-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ပိန်းရိုးခြောက်များ ကိုရီးယားနိုင်ငံသို့ တင်ပို့
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1012
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ပြည်တွင်း စီးပွား
ကမ္ဘာ့ကောက်ပဲသီးနှံဈေးကွက်သတင်း

ဆန်

ဗီယက်နမ်နိုင်ငံသည် မလေးရှားနိုင်ငံသို့ ဆန်တန်ချိန် နှစ်သိန်းတင်ပို့ရန် အရောင်းအဝယ် စာချုပ် ချုပ်ဆိုထားပြီးဖြစ်ကြောင်း သိရ သည်။ ၄င်းစာချုပ် အရ ယခုနှစ် ဇူလိုင်လနှင့် သြဂုတ်လတို့တွင် ၅ မှတ်ဆန်ဖြူတန်ချိန် နှစ်သိန်း ကို မလေးရှားနိုင်ငံသို့ တင်ပို့ သွားမည်ဖြစ်သည်။ ထိုဆန်များ၏ ဈေးနှုန်းမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄ဝဝ ဖြစ်ကြောင်း သိရပါသည်။ ဗီယက် နမ်နိုင်ငံ အနေဖြင့် ယခုနှစ် ဧပြီလတွင် ဖိလစ်ပိုင်နိုင်ငံသို့ ဆန်တန်ချိန် ရှစ်သိန်းတင်ပို့ရန် စာချုပ် ချုပ်ဆိုပြီးနောက် ယခုချုပ်ဆိုမှုမှာ ပမာဏ အများ ဆုံးဖြစ်သည်။ မလေးရှားနိုင်ငံအနေနှင့်လည်း ဗီယက်နမ်ဆန်များကို နှစ်စဉ် အမြဲဝယ်ယူလျက်ရှိသည့် နိုင်ငံဖြစ်သည်။ လွန်ခဲ့ သည့် ၂ဝ၁၆ ခုနှစ်က ဗီ ယက်နမ်နိုင်ငံသည် မလေးရှားနိုင်ငံသို့ ဆန်တန်ချိန် ၄၆၅၉၇၇ ခန့်သာ တင်ပို့ ခဲ့သဖြင့် ၂ဝ၁၂ ခုနှစ်က တင်ပို့မှုထက် ၃၉ ရာခိုင်နှုန်းကျဆင်းခဲ့သည်။

အာရှဆန် တင်ပို့သည့်နိုင်ငံများတွင် ဖြစ်ပေါ်နေသော ဆန်ပို့ကုန် FOB ဈေးနှုန်းများ အခြေအနေပြဇယား။

ဇယား-၁ (ဈေးနှုန်း USD.PMT)

ဆန်အမျိုးအမည် ၂၉-၃-၂ဝ၁၇ ၅-၄-၂ဝ၁၇
ထိုင်းဆန်ဖြူ    ၁ဝဝ%
ထိုင်းဆန်ဖြူ    ၅%
ထိုင်းဆန်ဖြူ    ၂၅%
ထိုင်းပေါင်းဆန်
ဗီယက်နမ်ဆန်ဖြူ    ၅%
ဗီယက်နမ်ဆန်ဖြူ    ၂၅%
ပါကစ္စတန်ဆန်ဖြူ    ၂၅%
ပါကစ္စတန် ပေါင်းဆန်
အိန္ဒိယဆန်ဖြူ    ၂၅%
အိန္ဒိယ ပေါင်းဆန်
၃၈၇
    ၃၇၃
    ၃၆၆
    ၃၈၁
    ၃၅၈
    ၃၃၈
    ၃၄ဝ
    ၄၂၅
    ၃၆၈
    ၃၇၂
၃၈၉
    ၃၇၄
    ၃၆၈
    ၃၈၃
    ၃၅၂
    ၃၃၅
    ၃၄၅
    ၄၂ဝ
    ၃၆၈
    ၃၇ဝ

အိန္ဒိယဈေးကွက် ပဲဈေးနှုန်း

 မွမ်ဘိုင်းဈေးကွက်တွင် ဖြစ်ပေါ်နေသည့် ပဲမျိုးစုံ ဈေးနှုန်းများအခြေအနေ ပြဇယား။

ဇယား-၂ (ရေတွက်ပုံ-တန်)

ပဲအမျိုးအမည် ၃ဝ-၃-၂ဝ၁၇ ၆-၄-၂ဝ၁၇
မတ်ပဲ
ပဲစင်းငုံ
ပဲတီစိမ်း
ကုလားပဲဖြူလုံးကြီး
၉၇ဝ
    ၇ဝ၃
    ၇၈ဝ
    ၉၃၂
၉၅၅
    ၇၁၆
    ၇၈၅
    ၉၂၄

မွမ်ဘိုင်းတွင် ပဲစင်းငုံ အဟောင်းဈေးက တစ်ကွင်တယ်လျှင် ရူပီး ၄၅ဝဝ ရှိပြီး အသစ်ဈေးက ရူပီး ၄၄၅ဝ ဈေးရှိသည်။ ယခု ဧပြီလအတွင်း သွင်းကုန် ခွန်ကောက်ခံမည့် အခြေအနေကြောင့် ဈေးနှုန်းတက် ရိပ်ပြလျက်ရှိသည်။ မတ်ပဲ FAQ တစ်ကွင်တယ်လျှင် ရူပီး ၆၁၅ဝ မှ ၆၂ဝဝ ကြား၊ SQ ရူပီး ၇၁ဝဝ မှ ၇၂ဝဝ ကြားတွင်ရှိသည်။ မြန်မာပဲစင်းငုံနီဈေးမှာ CIF ဈေး အရ တစ်တန်လျှင် ဒေါ်လာ ၆၃ဝ မှ ၆၃၅ ရှိရာ ယခင်တစ်ပတ်ထက် ဈေး နှုန်း ၁ဝ ဒေါ်လာ ပိုမိုမြင့်တက်လာခဲ့သည်။ မတ်ပဲ FAQ ဈေးမှာ တစ်တန် လျှင် ဒေါ်လာ ၈၅ဝ နှင့် SQ ဈေးမှာ တစ်တန်လျှင် ဒေါ်လာ ၁၁ဝဝ နှုန်းရှိ သည်။ ပဲစင်းငုံနှင့် မတ်ပဲတို့၏ CNF ဈေးများမှာ လာမည့် သီတင်းပတ်များ တွင် ပုံမှန်ဈေးအတိုင်းရှိနေမည်ဟု ခန့်မှန်းရပြီး အိန္ဒိယပြည်တွင်း ဈေးကွက် များတွင် ပဲအများအပြား ရှိနေသဖြင့် အိန္ဒိယမှ ဝယ်လိုအား ကျဆင်းနေမည် ဟု ခန့်မှန်းရပါသည်။

အိန္ဒိယနိုင်ငံတွင် ပဲမျိုးစုံ ထုတ်လုပ်မှု စံချိန်တင်မြင့်တက်မည့် အနေအ ထားကြောင့် ပဲမျိုးစုံ ဈေးနှုန်းများမှာ အနိမ့်ဆုံး ထောက်ပံ့ကြေးဈေးနှုန်း အောက်ကျဆင်းလျက်ရှိရာ တောင်သူများအတွက် အထောက်အပံ့ဖြစ်စေရန် အစိုးရက ပဲစင်းငုံသွင်းကုန်ခွန် ကို ၁ဝ ရာခိုင်နှုန်း ကောက်ခံရန် ဆုံးဖြတ်ခဲ့ သည်ဟု သိရသည်။

မောင်သုံးသပ်
 
Untitled Document
Ko mya khing said...
Saturday 6 May 2017, 8:04 am
Bmp new


Ko mya khing said...
Saturday 6 May 2017, 8:04 am
Bmp new


  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.