24-8-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ရင်းနှီးမြှုပ်နှံမှု တိုးတက်နေတဲ့ ဂျာမန် အိမ်ရာဈေးကွက်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1025
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ပြည်တွင်း စီးပွား
မြန်မာ့ပို့ကုန်ဈေးကွက်သတင်း

ဆန်

မတ်လ ၄ ရက်မှ ၁ဝ ရက်အတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ ကုန်သွယ် ရေးစခန်းများ ဆန်တန်ချိန် စုစုပေါင်း ၂၈၂၈၂ တန်ကျော် တင်ပို့ခဲ့ရာ မူဆယ် မှ ငစိန်ဆန် ၂၆၉ တန်၊ ဧည့်မထဆန် ၁၈ဝ၁၈ တန်ကျော်။ ချင်းရွှေဟော်မှ ငစိန်ဆန် ၉၄ တန်ကျော်၊ ဧည့်မထဆန် ၂၂၆ တန်နှင့် လွယ်ဂျယ်မှ ငစိန် ဆန် ၉၆၇၅ တန် တင်ပို့ခဲ့သည်။ ယခင်တစ်ပတ်က စုစုပေါင်း ၂၉၅၂၇ တန်ကျော် တင်ပို့ခဲ့သဖြင့် ယခုတစ်ပတ်တွင် ၁၂၄၅ တန် လျော့နည်းခဲ့ပါ သည်။ ဆန်ကွဲ တင်ပို့မှုအနေဖြင့် ဆန်ကွဲ စုစုပေါင်း ၄၄ဝ၈ တန် တင်ပို့ခဲ့ရာ မူဆယ်မှ ၂၂၉၅ တန်၊ လွယ်ဂျယ်မှ ၂၁ဝ၈ တန်နှင့် ချင်းရွှေဟော်မှ ၅ တန် တင်ပို့ခဲ့သည်။ ယခင် တစ်ပတ်က စုစုပေါင်း ၄၅၂၁ တန်ကျော် တင်ပို့ခဲ့သဖြင့် ယခုတစ်ပတ်တွင် ၁၁၃ တန် လျော့နည်းခဲ့သည်။ ပင်လယ်ရေကြောင်း ကုန် သွယ်မှုနှင့် မတ်လ ၅ ရက်မှ ၁၁ ရက်အတွင်း ပြည်ပသို့ ဆန်တန်ချိန် ၂၁၇၄ဝ တင်ပို့ခဲ့ရာတွင် သီရိလင်္ကာသို့ ဧည့်မထဆန် ၁၃၅၁၃ တန်၊ ရုရှားသို့ ဧည့်မထ ဆန်တန် ၂ဝဝ၊ အီးယူနိုင်ငံများသို့ ပေါင်းဆန် ၁၂၅ တန်နှင့် ဧည့်မထဆန် ၁ဝ၆၇ တန်၊ စင်ကာပူသို့ ဧည့်မထဆန်တန် ၃၆ဝဝ၊ ဂျပန်သို့ ဧည့်မထဆန် တန် ၇၅ဝ၊ တရုတ်သို့ ဧည့်မထဆန်တန် ၂၅ဝ၊ မက်ဒါဂါစတာသို့ ဧည့်မထ ဆန် ၂၂၂၅ တန် တင်ပို့ခဲ့သည်။ ယခင်တစ်ပတ်က စုစုပေါင်း ၃၁၇၄၂ တန်ပို့ခဲ့သည်။ ယခင်တစ်ပတ်က စုစုပေါင်း ၃၁၇၄၂ တန်တင်ပို့ခဲ့သဖြင့် ယခုတစ်ပတ်တွင် ၁ဝဝဝ၂ တန်လျော့နည်းသွားပါသည်။ ဆန်ကွဲတင်ပို့မှာ စုစုပေါင်း ၅၁၉ဝ တန်ရှိပြီး ဘယ်လ်ဂျီယံ တစ်နိုင်ငံတည်းသို့တင်ပို့ခဲ့ပါသည်။ ယခင်တစ်ပတ်က ၇၇၅ဝ တန် တင်ပို့ခဲ့သဖြင့် ယခုတစ်ပတ်တွင် တန်ချိန် ၂၅၆ဝ တန် လျော့နည်းခဲ့သည်။

ပဲမျိုးစုံတင်ပို့မှု

မတ် ၄ ရက်မှ ၁၁ ရက်အထိ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုမှာ ဇယား-၁ အတိုင်းတွေ့ရှိရပါသည်။

ဇယား-၁ (ရေတွက်ပုံ-တန်)

ပဲအမျိုးအမည် ယခင်အထိ
၎-၃-၂ဝ၁၇ ထိ
ယခုတစ်ပတ်
၁၁-၃-၂ဝ၁၇ ထိ
မတ်ပဲ
ပဲတီစိမ်း
ပဲစင်းငုံ
ကုလားပဲ
ပဲလွန်းဖြူ
မြေထောက်ပဲ
၇၁၆၅၉
    ၂၅၇၂၂
    ၂၂၉၃၃
    ၁၆၈၁
    ၃၃၂၇
    ၃၈၆၇
၎ဝ၆ဝ
    ၄၈၅ဝ
    ၉ဝ၂၇
    ၈၃၉
    ၂၇၂
    ၅၅၉

ယခုတစ်ပတ် ၁၇-၃-၂ဝ၁၇ ထိ ဘုရင့်နောင် ပဲဈေးကွက်တွင် ပဲစင်းငုံနီ ဈေးကျပြီး မတ်ပဲ ဈေးဆက်လက်တက်ရိပ်ပြလာပါသည်။ ယခင်တစ်ပတ်တွင် ပဲစင်းငုံနီ RC တစ်တန်လျှင် ကျပ် ၇၉၆ဝဝဝ ဈေးအထိ တက်ခဲ့သော်လည်း ယခုတစ်ပတ်တွင် တစ်တန်လျှင် ကျပ် ၇၆၁ဝဝဝ အထိ ဈေးကျသွားခဲ့သည်။ မတ်ပဲ FAQ (RC)  ၏ တစ်တန်ဈေးမှာ ယခင်တစ်ပတ်က ကျပ် ၁၁၁ဝဝဝဝ သာရှိခဲ့သော်လည်း ယခုတစ်ပတ်တွင် ကျပ် ၁၁၂၂ဝဝဝ ဖြစ်လာသဖြင့် တစ်တန်လျှင် ကျပ် ၁၂ဝဝဝ ခန့် ဈေးတက်လာခဲ့သည်။ ထို့အတူ မတ်ပဲ SQ (RC) ၏ ဈေးမှာ ယခင်တစ်ပတ်က တစ်တန်လျှင် ကျပ် ၁၃ဝဝဝဝဝ မှ ယခုတစ်ပတ်တွင် ကျပ် ၁၃ဝ၈ဝဝဝ ရှိလာသဖြင့် တစ်တန်လျှင် ကျပ် ၈ဝဝဝ  ဈေးတက်လာသည်။ မတ်ပဲနှင့် ပဲစင်းငုံနီကို ပြည်ပတင်ပို့သည့် ကုမ္ပဏီများနှင့် ဝယ်ရောင်းကုန်သည်များက အဝယ်လိုက်လာသောကြောင့် အရောင်းအဝယ် ကောင်းလာသည်။
မူဆယ်ပြောင်းဈေးငြိမ်ပြီး အရောင်းအဝယ်အေး

ယခုတစ်ပတ်မူဆယ်ဈေးကွက်တွင် ပြောင်းဈေးမှာ ယခင်တစ်ပတ်ဈေး နှုန်းအတိုင်း ၅ဝ ကီလိုတစ်အိတ်လျှင် ယွမ် ၆ဝ မှ ၆၅ ယွမ် (တစ်တန်လျှင် ယွမ် ၁၂၂ဝ မှ ၁၃ဝဝ) ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။ ယခုတစ်ပတ်အ တွင်း တရုတ်နိုင်ငံသို့ တန်ချိန် ၂၂၄ဝ၈ တန်သာ တင်ပို့နိုင်ခဲ့သဖြင့် ယခင်တစ် ပတ်ထက် တန်ချိန် ၁၂၅၉၂ တန် လျောနည်းခဲ့ပြီး ဈေးငြိမ်ကာ အရောင်းအ ဝယ် အေးလျက်ရှိသည်။

မောင်သုံးသပ်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.