25-5-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
သရက် ကုန်ချောထုတ် စက်ရုံများနှင့် ထုတ်ပိုးပစ္စည်း စက်ရုံများ ရှိလာသဖြင့် ယခုနှစ် သရက်သီးဈေးကွက် ပိုမို တွက်ခြေ ကိုက်လာနိုင်ဖွယ် ရှိနေ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1012
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ပြည်တွင်း စီးပွား
ကမ္ဘာ့ကောက်ပဲသီးနှံဈေးကွက်သတင်း

ဆန်

ဖိလစ်ပိုင်နိုင်ငံသည် ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့မှ အစိုးရ အချင်းချင်း သဘောတူညီမှုဖြင့် ဆန်တန်ချိန်နှစ်သိန်းငါးသောင်း အမြန်ဝယ်ယူတင်သွင်း ရန် ရှိသည်ဟု ဖိလစ်ပိုင်နိုင်ငံ စားသောက်ကုန်လုံခြုံ စိတ်ချရေးဌာနက ပြော ကြားခဲ့သည်။ ဆန်တင်သွင်းရန် အတွက် တင်ဒါစတင်ခေါ်ယူမည့် အချိန်ကာလကို မဆုံးဖြတ်ရသေးကြောင်း သိရှိရပါသည်။ ယခင်နှစ်က အမျိုးသား စားသောက် ကုန် ဆိုင်ရာ အဖွဲ့အစည်း NFA က သဘောတူထားသည့် ဝယ်ယူ တင်သွင်းမည့် ဆန်တန်ချိန် ငါးသိန်းအနက် အချို့ဖြစ်ကြောင်း သိရသည်။  လက်ရှိအချိန်အထိ ဗီယက်နမ်နိုင်ငံမှ ဆန်တန်ချိန် တစ်သိန်း၊ စုစုပေါင်းနှစ် သိန်း ငါးသောင်းသာ ဝယ်ယူထားကြောင်း၊ နိုင်ငံအရန်ရိက္ခာအတွက် ဆန်တန် ချိန်နှစ်သိန်းငါးသောင်း ထပ်မံဝယ်ယူတင်သွင်းရန် လိုအပ်နေကြောင်း NFA က ပြောကြား ခဲ့သည်။

အာရှဆန်တင်ပို့သည့် နိုင်ငံများတွင် ဖြစ်ပေါ်နေသော ဆန်ပို့ကုန် FOB ဈေးနှုန်းများ၏ အခြေအနေကို ဇယား - ၁ အတိုင်း တွေ့ရှိရပါသည်။

ဇယား-၁    (ဈေးနှုန်း USD.PMT)

ဆန်အမျိုးအမည် ၃-၃-၂ဝ၁၇ ၁ဝ-၃-၂ဝ၁၇
ထိုင်းဆန်ဖြူ    ၁ဝဝ%
ထိုင်းဆန်ဖြူ    ၅%
ထိုင်းဆန်ဖြူ    ၂၅%
ထိုင်းပေါင်းဆန်
ဗီယက်နမ်ဆန်ဖြူ    ၅%
ဗီယက်နမ်ဆန်ဖြူ    ၂၅%
ပါကစ္စတန်ဆန်ဖြူ    ၂၅%
ပါကစ္စတန် ပေါင်းဆန်
အိန္ဒိယဆန်ဖြူ    ၂၅%
အိန္ဒိယ ပေါင်းဆန်
၃၈၄
    ၃၆၉
    ၃၆၃
    ၃၈၇
    ၃၅၅
    ၃၄ဝ
    ၃၄၅
    ၄၂၅
    ၃၈၅
    ၃၇၅
၃၈၂
    ၃၆၈
    ၃၆၁
    ၃၈၅
    ၃၆ဝ
    ၃၃ဝ
    ၃၄ဝ
    ၄၂၅
    ၃၆၅
    ၃၇၅

အိန္ဒိယဈေးကွက် ပဲဈေးနှုန်း

 အိန္ဒိယနိုင်ငံ မွမ်ဘိုင်းဈေးကွက်တွင် ဖြစ်ပေါ်နေသည့် ပဲမျိုးစုံ ဈေးနှုန်းများ ၏ အခြေအနေကို ဇယား -၂ အတိုင်း တွေ့ရှိရပါသည်။

ဇယား-၂ (ဈေးနှုန်း USD-PMT)

ပဲအမျိုးအမည် ၂-၃-၂ဝ၁၇ ၉-၃-၂ဝ၁၇
မတ်ပဲ
ပဲစင်းငုံ
ပဲတီစိမ်း
ကုလားပဲဖြူလုံးကြီး
၇၉၄
    ၆၁၄
    ၆၄၄
    ၇၄၉
၈၈၄
    ၆၅၂
    ၆၇၄
    ၇၇၉

 မြန်မာနိုင်ငံမှ တင်သွင်းသော ပဲစင်းငုံ၏ CIF ဈေးနှုန်းသည် တစ်တန်လျှင် US ဒေါ်လာ ၆ဝ၅ ရှိသဖြင့် ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက ဒေါ်လာ ၂ဝ မြင့်တက်လာသည်ကို တွေ့ရသည်။ မတ်ပဲ FAQ ဈေးမှာ တစ်တန်လျှင် US ဒေါ်လာ ၇၈ဝ၊ SQ ဈေးမှာ တစ်တန်လျှင် US ဒေါ်လာ ၉၂ဝ ရှိသည်။ မြန် မာပဲစင်းငုံနှင့် မတ်ပဲ CNF ဈေးနှုန်းများ မြင့်တက်လျက်ရှိသော်လည်း ပဲအ ကောင်းစားများ၏ ဝယ်လိုအားမှာ ကျဆင်းလျက်ရှိပါသည်။ မြန်မာနိုင်ငံမှ တင်သွင်းသော ပဲများ၏  CNF ဈေးများမှာ လာမည့်လများ တွင် ပုံမှန်အတိုင်း ရှိနေမည်ဟု ခန့်မှန်းရသည်။ အိန္ဒိယနိုင်ငံမှ ဝယ်လိုအားကျဆင်းမှုကြောင့် ပဲဈေးနှုန်း ထပ်မံမြင့်တက်မည့် အလားအလာနည်းနေနိုင်သည်။

အော်ဂဲနစ်ထွက်ကုန်ဈေးကွက်ကြီးထွားလာမှု

ထိုင်းနိုင်ငံ၏ အော်ဂဲနစ်ဆန် ထုတ်လုပ်မှုသည် နှစ်စဉ်တိုးတက်လာရာ လက်ရှိတွင် နှစ်စဉ် ၁ဝ ရာခိုင်နှုန်းမှ လာမည့် သုံးနှစ်အတွင်း ၂ဝ ရာခိုင်နှုန်း အထိ တိုးတက်လာစေရန် မျှော်မှန်းထားပြီး အော်ဂဲနစ်ဈေးကွက်တန်ဖိုးမှာ ဘတ် ၂ ဒသမ ၃ ထရီလီယံရှိရာ ပို့ကုန် တန်ဖိုးသည် ဘတ်လေးဘီလီယံရှိပါ သည်။ ယနေ့ ကမ္ဘာတွင် ဓာတုပစ္စည်းကင်းစင်၍ ကျန်းမာရေးနှင့် ညီညွတ် သော အော်ဂဲနစ် အစားအသောက်များ ပိုမိုဝယ်ယူစားသုံးလာလျက်ရှိသည်။ အထူးသဖြင့် တရုတ်နိုင်ငံ၏ အော်ဂဲနစ်ဈေးကွက်သည် ယခုအခါ တစ်နှစ် လျှင် ၃၂ ရာခိုင်နှုန်းတိုးတက်လာနေသဖြင့် အကောင်းဆုံး ဈေးကွက်တစ်ခုဖြစ် ကြောင်း တွေ့ရှိရပေသည်။

မောင်သုံးသပ်
 
Untitled Document
ရဲမင်းထိုက် said...
Monday 24 April 2017, 11:57 pm
ကျနော်ဖုန်းပေါ်နေ့စဉ်ဖတ်ချင်ပါတယ်ဘယ်လိုလုပ်ရမလဲ
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.