6 - 4 - 2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အင်းလေးကန်အတွင်း ရေပေါ်ဈေးသစ် တစ်ဈေး မေလတွင် စတင် အကောင်အထည်ဖော်ရန် စီစဉ်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1008
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ပြည်တွင်း စီးပွား
မြန်မာ့ပို့ကုန် ဈေးကွက်သတင်း

ဆန်

ယခုတစ်ပတ် ရန်ကုန်ဆန်ဈေးကွက်၏ လက်ကားဈေးနှုန်းများအရ အိတ်စပို့ ဧည့်မထဆန် ၂၅ မှတ်တစ်အိတ်လျှင် ကျပ် ၁၆ဝဝဝ မှ ကျပ် ၁၆ဝဝဝ၊ ဆန်ကြမ်းအသစ် (ရှယ်) တစ်အိတ်လျှင် ကျပ် ၁၇၅ဝဝ မှ ကျပ် ၁၈ဝဝဝ ရှိပါသည်။ ဆန်ကြမ်းဈေးမှာ ယခင်တစ်ပတ်အတိုင်း အပြောင်းအလဲ မရှိဘဲ ငြိမ်နေပြီး ကုန်စည်ဒိုင်သို့ အဝင်ပုံမှန်ရှိကာ အရောင်းအဝယ်လည်း ပုံမှန်ရှိပါသည်။ တရုတ်နယ်စပ် ဆန်ဈေးကွက်တွင်း ဆန်ဈေးနှုန်းအနည်းငယ် ကျသွားကြောင်း သိရသည်။ ဆန်အရောင်းအဝယ်မှာ တစ်ဖက်နိုင်ငံ၏ ဝယ် လိုအားနှင့် ဈေးကွက်ပေါ် မူတည်ပြီး အရောင်းအဝယ်ဖြစ်နေပါသည်။ မြို့ နယ်စုံမှ မူဆယ်သို့ ဆန်အဝင်မှာ ဖေဖော်ဝါရီ ၂၃ ရက်မှ မတ်လ ၁ ရက် အထိ ဆန်တန်ချိန် ၁၅၂၈၆ ရှိပြီး ယခင်တစ်ပတ်ထက် တန်ချိန် ၁ဝ၂၉ တန် ပိုမိုဝင်ရောက်ခဲ့ပါသည်။ မတ်လ ၃ ရက်နေ့ ငွေလဲနှုန်းအရ တစ်ယွမ် လျှင် ၁၉၄ ကျပ် ဈေးပေါက်ပါသည်။ မြန်မာ-တရုတ်နယ်စပ် စခန်းများမှ ဖေဖော်ဝါရီ ၁၈ ရက်မှ ၂၄ ရက်အထိ ဆန်တန်ချိန် စုစုပေါင်း ၂၄၈၆၇ တင်ပို့ခဲ့ရာ မူဆယ်မှ ငစိန်ဆန် ၈ဝ၆ တန်ကျော်၊ ဧည့်မထ ဆန် ၁၂၂ဝဝ တန် နီးပါး၊ ချင်းရွှေဟော်မှ ငစိန်ဆန် ၈၃ တန်ခန့်နှင့် ဧည့်မထဆန် ၄၂၃တန် ကျော်၊ လွယ်ဂျယ်မှ ငစိန်ဆန် ၁၁၃၅၅ တန် တင်ပို့ခဲ့သဖြင့် ယခင်တစ်ပတ် ထက် ဆန်တင်ပို့မှု ၄၃၈၁၆ တန် လျော့နည်းသွားပါသည်။ ဆန်တင်ပို့မှု လျော့နည်းခဲ့သော်လည်း ဆန်ကွဲ တင်ပို့မှုမှာ ၈၄၇၅ တန်ရှိသဖြင့် ယခင် တစ်ပတ်ထက်တန် ၂၅ဝဝ ပိုမိုတင်ပို့ခဲ့ပါသည်။

ပဲမျိုးစုံတင်ပို့မှု
    ဖေဖော်ဝါရီ ၁၉ ရက်မှ ၂၅ ရက်အထိ ပြည်ပသို့ ပဲမျိုးစုံ တင်ပို့မှုမှာ ဇယား-၁ အတိုင်း တွေ့ရှိရပါသည်။

ဇယား-၁ (ရေတွက်ပုံ-တန်)

ပဲအမျိုးအမည် ယခင်တစ်ပတ်
၁၈-၂-၂ဝ၁၇ ထိ
ယခုတစ်ပတ်
၂၅-၂-၂ဝ၁၇ ထိ
မတ်ပဲ
ပဲတီစိမ်း
ပဲစင်းငုံ
ကုလားပဲ
ပဲလွန်းဖြူ
မြေထောက်ပဲ
၅၈၇၉၆
    ၁၇ဝ၆၈
    ၁၁၈၄၄
    ၄၁၁
    ၂၃၃၆
    ၁၉၂၃
၈၁၂၁
    ၃၇၁၇
    ၅၁၄၄
    ၆၁၂
    ၄၃၄
    ၁၃၁၃

ယခုတစ်ပတ် ၃-၃-၂ဝ၁၇ ထိ ဘုရင့်နောင်ပဲဈေးကွက်တွင် မတ်ပဲနှင့် ပဲစင်းငုံနီဈေးများ ပြန်လည်တက်လာပါသည်။ ယခင်တစ်ပတ်က မတ်ပဲ FAQ (RC)  တစ်တန်လျှင် ကျပ် ၉၂၅ဝဝဝ၊ မတ်ပဲ SQ (RC)  တစ်တန်လျှင် ကျပ် ၁ဝ၇၅ဝဝဝ အထိ ဈေးကျခဲ့သော်လည်း ယခုတစ်ပတ်တွင် မတ်ပဲ FAQ (RC)  တစ်တန်လျှင် ယခုတစ်ပတ်တွင်  မတ်ပဲ FAQ (RC) တစ်တန်လျှင် ကျပ် ၉၉၄ဝဝဝ ကျပ်၊ မတ်ပဲ  SQ (RC) တစ်တန်လျှင် ကျပ် ၁၁၆၄ဝဝဝ ဖြစ်လာပြီး ဈေးတက်လာပါသည်။ ပဲစင်းငုံနီလည်း ယခင်တစ်ပတ်က တစ် တန်လျှင် ကျပ် ၇၂၇ဝဝဝ အထိ ဈေးကျခဲ့သော်လည်း ယခုတစ်ပတ်တွင် တစ်တန်လျှင် ကျပ် ၇၅၁ဝဝဝ ကျပ်အထိ ဈေးမြောက်လာပါသည်။

မူဆယ်ပြောင်းဈေးဆက်ငြိမ်

ယခုတစ်ပတ် မူဆယ်ဈေးကွက်တွင် ပြောင်းဈေးအပြောင်းအလဲမရှိဘဲ ဖေဖော်ဝါရီလ လယ်မှစ၍ ယခုတစ်ပတ်အထိ ဈေးငြိမ်နေ ပါသည်။ ပြောင်း ၅ဝ ကီလိုတစ်အိတ်လျှင် ၆၄ ယွမ်မှ ၆၈ ယွမ် (တစ်တန်လျှင် ၁၂၈ဝ ယွမ်မှ ၁၃၆ဝ ယွမ်) နှင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ယခုတစ်ပတ်အတွင်း တစ် ဖက်နိုင်ငံသို့ တန်ချိန် ၃၅၂၃၃ တင်ပို့ခဲ့သဖြင့် ယခင်တစ်ပတ်ထက် တန်ချိန် ၄ဝ၆၇ လျော့နည်းသွားခဲ့ပါသည်။

မောင်သုံးသပ်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.