21-9-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မန္တလေးတိုင်းဒေသကြီးတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ သန်း ၇ဝဝ ကျော်ရှိ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1029
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ပြည်တွင်း စီးပွား
မြန်မာ့ပို့ကုန်ဈေးကွက်သတင်း

ဆန်

ယခုတစ်ပတ် ရန်ကုန်ဝါးတန်း ဆန်ကုန်စည်ဒိုင်၏ လက်ကားဈေးနှုန်းများ အရ အိတ်စ်ပို့ ဧည့်မထဆန် ၂၅ မှတ် တစ်အိတ်လျှင် ကျပ် ၁၆ဝဝဝ မှ ၁၆၈ဝဝ၊ အသစ်ရှယ်တစ်အိတ်လျှင် ကျပ် ၁၇၅ဝဝ မှ ၁၈ဝဝဝ နှင့် ဈေးအ နည်းငယ် မြင့်တက်လာပါတယ်။ သင်္ဘော တင်ကာလရှိသော ရက်တွင် အဝယ်လိုက်သောကြောင့် ဈေးအနည်းငယ်မြင့်တက်လာသော်လည်း ဝယ်လို အားကျဆင်းသွားသည့် အချိန်တွင် ပုံမှန်အတိုင်း အဝင်အထွက်ရှိပြီး ဈေးနှုန်း လည်းပုံမှန်အတိုင်း ရှိတတ်သည်။ တရုတ်နယ်စပ် ဆန်ပို့ကုန်ဈေးကွက်တွင် တရုတ်နှစ်သစ်ကူးပွဲတော် ကာလပိတ်ရက်များကြောင့် တရုတ် ဆန်ကုန်သည် များ ဌာနေပြန်ကြသဖြင့် ကုန်စည်ဒိုင်ဖွင့်သော်လည်း အရောင်းအဝယ်ခပ် အေးအေးသာရှိနေပြီး ဈေးနှုန်းလည်းပုံမှန်ရှိနေပါသည်။ ဧည့်မထ ၂၅ မှတ် ဆန်တစ်အိတ်လျှင် ၁၁၄ ယွမ်မှ ၁၁၆ ယွမ်၊ ငစိန် ၂၅ မှတ် တစ်အိတ်လျှင် ၁၁၅ ယွမ်မှ ၁၁၆ ယွမ်ရှိပါသည်။ မြို့နယ်စုံမှ မူဆယ်သို့ ဆန်အဝင်မှာ ဇန်နဝါရီ ၂ ရက်မှ ၈ ရက်အထိ ရက်သတ္တပတ်အတွင်း ဆန်တန်ချိန်  ၁၆၄ဝ၉ ရှိသဖြင့် ယခင်တစ်ပတ်ထက် ၄၄၉ တန် ပိုမိုလာပါသည်။ ဇန်နဝါရီ ၁ဝ ရက် ငွေလဲနှုန်းအရ တစ်ယွမ်လျှင် ၁၉၆ ကျပ်ဈေးပေါက်ပါသည်။ မြန်မာ- တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ ဇန်နဝါရီ ၂၈ ရက်မှ ဖေဖော်ဝါရီ ၃ ရက်အထိ သီတင်းတစ်ပတ်အတွင်း ဆန် ၂၅၈၈၇ တန်ကျော် တင်ပို့ခဲ့ရာ တွင် မူဆယ်မှ ငစိန်ဆန်တန် ၄ဝဝ၊ ဧည့်မထ ဆန် ၁၆၅၄၇ တန်ကျော်၊ ချင်းရွှေဟော်မှ ဧည့်မထဆန် ၃၉၂ တန်၊ လွယ်ဂျယ်မှ ငစိန်ဆန် ၈၅၄၈ တန် တင်ပို့ခဲ့ပါသည်။ ယခင်တစ်ပတ်က ဆန် စုစုပေါင်း ၃၃၃၇၇ တန် တင်ပို့ခဲ့သဖြင် ယခုတစ်ပတ်တွင် တန်ချိန် ၇၄၉ဝ လျော့နည်းသွားခဲ့သည်။ ဇန်နဝါရီ ၂၉ ရက်မှ ဖေဖော်ဝါရီ ၄ ရက်အထိ ပင်လယ်ရေကြောင်းဖြင့် ပြည်ပနိုင်ငံများသို့ ဆန်ဖြူနှင့် ပေါင်းဆန် ၁၁၃၈၃ တန် တင်ပို့ခဲ့ရာတွင် ပါပူအာနယူးဂီနီသို့ ဧည့်မထဆန်တန် ၇၅ဝ၊ တရုတ်နိုင်ငံသို့ ဧည့်မထဆန် တန်၊ ၃၅ဝဝ၊ သီရီလင်္ကာသို့ ဧည့်မထဆန်တန် ၂ဝ၉ဝ နှင့် ငစိန်ဆန်တန် ၅၅ဝ စင်ကာပူသို့ ဧည့်မထဆန်တန် ၂၁ဝဝ၊ အီးယူနိုင်ငံများသို့ ဧည့်မထ ဆန် ၁၅၇ဝ တန်၊ ပေါင်းဆန် ၅၇၃ တန်နှင့် ငစိန်ဆန်တန် ၂၅ဝ တင်ပို့ခဲ့ ပါသည်။

ပဲမျိုးစုံတင်ပို့မှု

ဇန်နဝါရီ ၂၈ မှ ဖေဖော်ဝါရီ ၄ ရက်အထိ ပြည်ပသို့ ပဲမျိုးစုံ တင်ပို့မှု တန်ချိန်ကို ဇယား-၁ အတိုင်းတွေ့ရှိရပါသည်။

ဇယား-၁ (ရေတွက်ပုံ-တန်)

ပဲအမျိုးအမည် ၂၈-၁-၂ဝ၁၇ ၄-၂-၂ဝ၁၇
မတ်ပဲ
ပဲတီစိမ်း
ပဲစင်းငုံ
ကုလားပဲ
ပဲလွန်းဖြူ
မြေထောက်ပဲ
၂၇၂၉၁
    ၈၆ဝ၁
    ၃၇၃၇
    ၁၇၂
    -
    -
၁၁၆၂ဝ
    ၃၃၆၄
    ၂၅ဝ၅
    ၂၄
    -
    -

ယခုတစ်ပတ် ၁၃-၂-၂ဝ၁၇ နေ့ထိ ဘုရင့်နောင် ပဲဈေးကွက်တွင် မတ်ပဲ၊ ပဲစင်းငုံနီတို့ ဈေးဆက်လက်ကျဆင်းခဲ့သည်။ ယခင် တစ်ပတ်တွင် မတ်ပဲ FAQ (RC) တစ်တန်လျှင် ကျပ် ၉၉ဝဝဝဝ၊ မတ်ပဲ SQ (RC) တစ်တန်လျှင် ကျပ် ၁၁၄ဝဝဝဝ အထိ ဈေးကျဆင်းခဲ့သလို ယခုတစ်ပတ်တွင်လည်း မတ်ပဲ FAQ (RC)  တစ်တန်လျှင် ကျပ် ၉၃ဝဝဝဝ၊ မတ်ပဲ SQ (RC) တစ်တန် လျှင် ကျပ် ၁ဝ၇ဝဝဝဝ အထိ ဆက်လက်ဈေးကျခဲ့ပါသည်။ ထို့အတူ ပဲစင်းငုံနီဈေးမှာ ယခင်တစ်ပတ်က တစ်တန်လျှင် ကျပ် ၇၈၅ဝဝဝ ရှိခဲ့ရာမှာ ယခုတစ်ပတ်တွင် တစ်တန်လျှင် ကျပ် ၇၇၇ဝဝဝ နှင့် ဈေးအနည်းငယ်ကျဆင်းခဲ့ပါသည်။ ယခု တစ်ပတ် မန္တလေးဈေးကွက် တွင် မတ်ပဲ ဈေးအနည်းငယ်ကျဆင်းခဲ့သော်လည်း မတ်ပဲအဟောင်းမှာ ပုံမှန်ဝယ်ယူမှုရှိနေပါသည်။ မတ်ပဲဈေးအနေနှင့် ယခင် တစ်ပတ်ထက် ဈေးနိမ့်ခဲ့ပြီး မတ်ပဲအသစ် တစ်တန်၏ ဈေးမှာ ၈၉၈၃၇၆ ကျပ်ရှိပြီး တစ်နေ့လျှင် အိတ် ၃၅ဝ မှ ၄ဝဝ ကြား အရောင်းအဝယ်ဖြစ်ခဲ့ပါ သည်။

မောင်သုံးသပ်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.