29-6-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ရခိုင်ကမ်းရိုးတန်းတွင် ငါးဖမ်းဆီးရရှိမှုနည်းပါးလာသည့်အတွက် ငါးဖမ်းကိရိယာများ ပြောင်းလဲသုံးစွဲလာကြ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1017
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ပြည်တွင်း စီးပွား
ကမ္ဘာ့ကောက်ပဲသီးနှံဈေးကွက်သတင်း

ဆန်

အိန္ဒိယနိုင်ငံတွင် အစိုးရကိုယ်စားလှယ်များနှင့် ပို့ကုန်လုပ်ငန်းရှင်များက ဆန်ကို သူ့ထက်ငါ အပြိုင်အဆိုင် ဝယ်ယူလျက်ရှိခြင်းကြောင့် အိန္ဒိယနိုင်ငံ၌ ဆန်ဈေးနှုန်းသည် ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလ တတိယပတ်အတွင်း ဈေးတက်ခဲ့သည်။ ပြည်တွင်းဈေးကွက်ရှိ ကြိတ်ခွဲခြင်း မရှိသေးသည့် ဆန်များကို ဈေးမြှင့်၍ ဝယ်ယူခဲ့မှုကြောင့် ဆန်ကွဲငါးမှတ်ပါ ပေါင်းဆန်ဈေးနှုန်းသည် တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၃၅၂ မှ ၃၅၇ သို့ ဈေးတက်ခဲ့သည်။ ထို့ပြင် အာဖရိကနိုင်ငံများရှိ ဝယ်လက်များမှ ဆန်ဝယ်ယူမှု တိုးတက်ခဲ့သောကြောင့် လည်း အစိုးရကိုယ်စားလှယ်များက ပို့ကုန်လုပ်ငန်းရှင်များနှင့် အပြိုင်အဆိုင် ဝယ်ယူလျက်ရှိသည်။ အိန္ဒိယနိုင်ငံ၏ စပါးအထွက်နှုန်းသည် စပါးစိုက်ရာသီ ဖြစ်သည့် ၂ဝ၁၇ ခုနှစ်ဇွန်လတွင် တန်ချိန် ၉၃ ဒသမ ၈၈ သန်းထွက်ရှိနိုင် ပြီး ယခင်နှစ်က ထွက်ရှိမှုထက် သုံးရာခိုင်နှုန်း ခန့်မြင့်တက်လာခဲ့သည်။

အာရှတင်ပို့သည့်နိုင်ငံများတွင် ဖြစ်ပေါ်နေသော ဆန်ပို့ကုန် FOB ဈေး နှုန်းများ၏ အခြေအနေကို ဇယား-၁ အတိုင်း တွေ့ရှိရပါသည်။

ဇယား-၁ (ဈေးနှုန်း USD.PMT)

ဆန်အမျိုးအမည်  
၂၇-၁-၂ဝ၁၇ ၃-၂-၂ဝ၁၇
ထိုင်းဆန်ဖြူ    ၁ဝဝ%
ထိုင်းဆန်ဖြူ    ၅%
ထိုင်းဆန်ဖြူ    ၂၅%
ထိုင်းပေါင်းဆန်
ဗီယက်နမ်ဆန်ဖြူ    ၅%
ဗီယက်နမ်ဆန်ဖြူ    ၂၅%
ပါကစ္စတန်ဆန်ဖြူ    ၂၅%
ပါကစ္စတန် ပေါင်းဆန်
အိန္ဒိယဆန်ဖြူ    ၂၅%
အိန္ဒိယ ပေါင်းဆန်
၃၉ဝ
    ၃၇၅
    ၃၆၇
    ၃၉၅
    ၃၅ဝ
    ၃၃၅
    ၃၂၅
    ၃၆၅
    ၃၄ဝ
    ၃၄ဝ
၃၉၁
    ၃၇၇
    ၃၆၈
    ၃၉၇
    -    
    -
    -
    -
    -
    -

အိန္ဒိယဈေးကွက် ပဲဈေးနှုန်း

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းဈေးကွက်တွင် ဖြစ်ပေါ်နေသည့် ပဲမျိုးစုံဈေးနှုန်းများ ၏ အခြေအနေကို ဇယား-၂ အတိုင်း တွေ့ရှိရပါသည်။

ဇယား-၂ (ဈေးနှုန်း USD.PMT)

ပဲအမျိုးအမည် ၂၅-၁-၂ဝ၁၇ ၂-၂-၂ဝ၁၇
မတ်ပဲ
ပဲစင်းငုံ
ပဲတီစိမ်း
ကုလားပဲဖြူလုံးကြီး
၈၅၈
    ၆၇၉
    ၆၇၅
    ၉၂၄
၈၁၆
    ၆၅၆
    ၆၆၇
    ၈၆၇

အိန္ဒိယနိုင်ငံတွင် ဆောင်းရာသီ၌ စိုက်ပျိုးခဲ့သော ပဲများအနက်အဓိက စိုက်ပဲသီးနှံဖြစ်သော ကုလားပဲ စိုက်ပျိုးဧရိယာမှာ ဟက်တာ ၉၈ ဒသမ ၈၂ သိန်းအထိရောက်ရှိခဲ့ရာ ယခင်နှစ်စိုက် ဧရိယာထက် ၁ဝ ဒသမ ၃၅ ရာခိုင် နှုန်းပိုမိုခဲ့ပြီး ပုံမှန်စိုက်ဧရိယာဟက်တာ ၈၈ ဒသမ ၃၇ သိန်းထက်လည်း ကျော်လွန်ခဲ့သည်။ ရာသီဥတုအခြေအနေမှာ ကောင်းမွန်နေဆဲဖြစ်ပြီး စိုက် ပျိုးမှုမှာလည်း ပြီးဆုံး သလောက် ရှိနေပါသည်။ ကုလားပဲသစ်များမှာလည်း ဈေး ကွက်သို့ စတင်ဝင်ရောက်လျက်ရှိသည်။ ပဲနီလေးစိုက်ပျိုးမှု အခြေအနေမှာ ၂ဝ၁၆ ခုနှစ် ဇန်နဝါရီ ၂၇ ရက်ထိ စိုက်ပျိုးခဲ့သော  ဟက်တာ ၁၃ ဒသမ၆၈ သိန်းနှင့် နှိုင်းယှဉ်ပါက ၂၁ ဒသမ ၆၄ ရာခိုင်နှုန်းမြင့်တက်ပြီး ဟက်တာ ၁၆ ဒသမ ၆၄ သိန်းအထိ ရောက်ရှိခဲ့သည်။ ပဲတီစိမ်းကိုမူ ဇန်နဝါရီလတွင် ဆက်လက်စိုက်ပျိုးနေ ဆဲဖြစ်သဖြင့် ပုံမှန်စိုက်ဧရိယာကို ပြည့်မီလိမ့်မည်ဟု ခန့်မှန်းရသည်။ လက်ရှိအခြေအနေအရဆိုပါက ယခင်နှစ်ဆောင်းရာသီက စိုက်ဧရိယာထက် ၅ ဒသမ ၁၂ ရာခိုင်နှုန်းပိုမိုခဲ့သည်။ မတ်ပဲစိုက်ပျိုးမှုမှာ လည်း ဟက်တာ ၇ ဒသမ ၉၄ သိန်းအထိ ရောက်ရှိသဖြင့် ယခင်နှစ်ကာလ တူထက် ၈ ဒသမ ၆၂ ရာခိုင်နှုန်းပိုမိုခဲ့သည်။ ယခင်နှစ်တွင် မိုးရာသီထုတ် လုပ်မှု အခြေအနေမှာလည်း တိုးတက်ကောင်းမွန်ခဲ့သည့်အပြင် ဆောင်းရာသီ စိုက်ပျိုးထုတ်လုပ်မှုမှာလည်း တိုးတက်ကောင်းမွန်မည့် အလားအလာ ရှိနေရာ ယခုနှစ်ဈေးနှုန်း များအပေါ် အကျိုးသက်ရောက်မှု စတင်ရှိလာပြီဖြစ်သည်။

မောင်သုံးသပ်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.