29-6-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ရခိုင်ကမ်းရိုးတန်းတွင် ငါးဖမ်းဆီးရရှိမှုနည်းပါးလာသည့်အတွက် ငါးဖမ်းကိရိယာများ ပြောင်းလဲသုံးစွဲလာကြ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1017
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ပြည်တွင်း စီးပွား
မြန်မာ့ပို့ကုန် ဈေးကွက်သတင်း

ဆန်

ယခုတစ်ပတ် ရန်ကုန်ဝါးတန်းဆန်ကုန်စည်ဒိုင်၏ လက်ကားဈေး နှုန်းများအရ ဆန်ချောဖြစ်သည့်ဖျာပုံပေါ်ဆန်း ထိပ်စတစ်အိတ်လျှင် ကျပ် ၃၈ဝဝဝ၊ လတ်စတစ်အိတ်လျှင် ကျပ် ၃၄ဝဝဝ၊ ပုသိမ်၊ မြောင်း မြပေါ်ဆန်းထိပ်စတစ်အိတ်လျှင် ကျပ် ၄ဝဝဝဝ၊ လတ်စတစ် အိတ်လျှင် ကျပ် ၃၄ဝဝဝ၊ ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၄၃ဝဝဝ မှ ၄၄၅ဝဝ၊ ပေါ်ဆန်းသစ်ရှယ်တစ်အိတ်လျှင် ကျပ် ၂၅ဝဝဝ မှ ၂၉ဝဝဝ နှင့် ယခင်တစ်ပတ်အတိုင်း ဈေးငြိမ်နေပါသည်။ ဆန်အဝင်ပါးပြီး အ ရောင်းအဝယ်လည်း အေးနေပါသည်။ ဆန်ကြမ်း ဧည့်မထ ထိပ်စတစ် အိတ်လျှင် ကျပ် ၁၉၅ဝဝ၊ လတ်စတစ်အိတ်လျှင် ကျပ် ၁၈၅ဝဝ၊ နွေသီး ထပ်ရှယ်တစ်အိတ်လျှင် ကျပ် ၁၉ဝဝဝ မှ ၂ဝဝဝဝ၊ နွေဆန် ရက် ၉ဝ တစ်အိတ်လျှင် ကျပ် ၁၉၅ဝဝ မှ ၂၁ဝဝဝ၊ မနောသုခတစ်အိတ်လျှင် ကျပ် ၂၄ဝဝဝ မှ ၂၅ဝဝဝ၊ ပြည်ပ အိတ်စ်ပို့ ၂၅ မှတ်ဆန်တစ်အိတ်လျှင် ကျပ် ၁၅ဝဝဝ မှ ၁၆ဝဝဝ၊ ဆန်ကြမ်း အသစ်ရှယ်တစ်အိတ်လျှင် ကျပ် ၁၇ဝဝဝ မှ ၁၇၅ဝဝ နှင့် ဆန်ကြမ်းအဟောင်းရော အသစ်ပါ ဈေးငြိမ်နေ သည်။ မူဆယ်ဆန်ဈေးကွက်မှာ တရုတ်နှစ်သစ်ကူးချိန်ဖြစ်သဖြင့် ဇန်နဝါ ရီလ ၂၂ ရက်မှ ၃၁ ရက်အထိ ဆန်ဒိုင်များ ပိတ်ထားပါသည်။ ထို့ ကြောင့် ဈေးနှုန်းမှာ ယခင်တစ်ပတ်ကဲ့သို့ပင် ရှိနေပါသည်။ မြို့နယ်စုံမှ မူဆယ်သို့ ဆန်အဝင်မှာ ဇန်နဝါရီ ၁၉ ရက်မှ ၂၅ ရက်အထိ ဆန်တန် ချိန် ၁၈၉၉၆ ရှိပါသည်။ ဇန်နဝါရီ ၂၇ ရက် ငွေလဲနှုန်းမှာ တစ်ယွမ်လျှင် ၁၉၄ ကျပ်ရှိပါသည်။ တရုတ်နယ်စပ် စခန်းများမှ ဇန်နဝါရီ ၁၄ ရက်မှ ၂ဝ ရက်အထိ ဆန်တန်ချိန် စုစုပေါင်း ၃၁၁၇၄ တင်ပို့ခဲ့ပါသည်။ စခန်း အလိုက် တင်ပို့မှုမှာ မူဆယ် ၁ဝ၅ မိုင်မှ ငစိန်ဆန်တန် ၁၈ဝဝ၊ ဧည့်မထ ဆန် ၁၆၉၁၅ တန်၊ ချင်းရွှေဟော်မှ ငစိန်ဆန် ၂၉၈ တန်၊ ဧည့်မထဆန် ၃၄၃ တန်ကျော်၊ လွယ်ဂျယ်မှ ငစိန်ဆန် ၁၁၈၁၈ တန် တင်ပို့ခဲ့ပါသည်။ ယခင်တစ်ပတ်ထက် ၁၁၉ဝ၈ တန် လျော့နည်းတင်ပို့ခဲ့သည်။

ပဲမျိုးစုံတင်ပို့မှု

ဇန်နဝါရီ ၁၅ မှ ၂၁ ရက်အထိ ပြည်ပသို့ ပဲမျိုးစုံ တင်ပို့မှု တန်ချိန် ကို ဇယား - ၁ အတိုင်း တွေ့ရှိရပါသည်။

ဇယား-၁ (ရေတွက်ပုံ - တန်)

ပဲအမျိုးအမည်

ပဲအမျိုးအမည် ၁၄-၁-၂ဝ၁၇ ၂၁-၁-၂ဝ၁၇
မတ်ပဲ
ပဲတီစိမ်း
ပဲစင်းငုံ
ကုလားပဲ
ပဲလွန်းဖြူ
မြေထောက်ပဲ
၁ဝ၆၇
    ၂၄၃၂
    ၁၉၆
    -
    -
    -
၉၁ဝ၂
    ၂၂၁၇
    ၁၁၅၇
    ၂၈
    -
    -

ယခုတစ်ပတ် ၃၁-၁-၂ဝ၁၇ နေ့ထိ ဘုရင့်နောင် ပဲဈေးကွက်တွင် မတ်ပဲနှင့် ပဲစင်းငုံနီ ဈေးကျပါသည်။ မတ်ပဲ FAQ (RC) အဟောင်းတစ် တန်လျှင် ကျပ် ၁ဝ၃၁ဝဝဝ၊ မတ်ပဲ SQ(အသစ်) တစ်တန်လျှင် ကျပ် ၁၁၆၈ဝဝဝ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သဖြင့် ယခင်တစ်ပတ်ထက် ဈေး ကျခဲ့ပါသည်။ ပဲစင်းငုံနီ (အသစ်) ဈေးသည် တစ်တန်လျှင် ကျပ် ၈ဝ၃ဝဝဝ နှင့် အရောင်းအဝယ်ဖြစ်ခဲ့သဖြင့် ယခင်တစ်ပတ်က ကျပ် ၈၅ဝဝဝဝ ဈေးနှင့် နှိုင်းယှဉ်ပါက ဈေးကျခဲ့သည်။ ယခုတစ်ပတ် မန္တလေး ဈေးကွက်တွင် မတ်ပဲနှင့် ပဲစင်းငုံနီတို့ အရောင်းအဝယ် သွက်ခဲ့သော်လည်း ဈေးနှုန်းမှာ ယခင်တစ်ပတ်ထက် ဈေးကျခဲ့ပါသည်။

မူဆယ်ပြောင်းဈေးကွက် ငြိမ်နေသော်လည်း အရောင်းအဝယ်ကောင်း

ယခုတစ်ပတ် မူဆယ်ဈေးကွက်တွင် တရုတ်နှစ်သစ်ကူးရှိနေသော် လည်း ပြောင်းဈေးငြိမ်နေပြီး ယခင်တစ်ပတ်ထက် အရောင်းအဝယ် ပိုလာ ပါသည်။ ပြောင်းဈေးအနေနှင့် ယခင်တစ်ပတ်ကအတိုင်း ၅ဝ ကီလို တစ်အိတ်လျှင် ၆၇ ယွမ်မှ ၇၁ ယွမ် (တစ်တန်လျှင် ၁၃၄ဝ ယွမ်မှ ၁၄၂ဝ) ရှိခဲ့သဖြင့် ဈေးနှုန်းပြောင်းလဲမှုမရှိချေ။ အရောင်းအဝယ်အနေ ဖြင့် ယခင်တစ်ပတ်က တရုတ်နိုင်ငံဖက်သို့ တန်ချိန် ၂၇၄ဝဝ သာ တင်ပို့ နိုင်ခဲ့သော်လည်း ယခုတစ်ပတ်တွင် တန်ချိန် ၃၅ဝဝဝ ကျော် တင်ပို့နိုင်ခဲ့ သည်။  

မောင်သုံးသပ်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.