19-10-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ၄ လတာ ကာလအတွင်း နိုင်ငံတကာ ခရီးသွားဧည့်သည် တစ်သန်းကျော် လာရောက်လည်ပတ်ရန် ခန့်မှန်းထား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1033
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ပြည်တွင်း စီးပွား
ကမ္ဘာ့ကောက်ပဲသီးနှံဈေးကွက်သတင်း

ဆန်

လာအိုနိုင်ငံသည် ၂ဝ၁၅ ခုနှစ်မှစ၍ တရုတ်နိုင်ငံသို့ ဆန်များ ရောင်းချ လာပါသည်။ ၂ဝ၁၆ ခုနှစ်တွင် စေးသော ဆန်မျိုး Sticky Rice နှင့် ခရမ်း ရောင်ဆန် Purple rice အမျိုးအစား ဆန်တန်ချိန် ၄၂ဝဝ ခန့်ကို တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချခဲ့ရာ တရုတ်ဈေးကွက်တွင် ဝယ်လိုအားပိုမြင့်မားလာသဖြင့်လာမည့် ၂ဝ၁၇ ခုနှစ်တွင် ယင်းဆန်အမျိုး အစားတန်ချိန် ၈ဝဝဝ ကျော် တိုးမြှင့်တင်ပို့မည်ဟု ရည်မှန်းထားကြောင်း  သိရှိရပါသည်။ လာအိုနိုင်ငံတွင် အဆိုပါ ဆန်များကို ၂ + ၃ ရင်းနှီးမြှုပ် နှံမှုဖြစ်သည့် ကုမ္ပဏီများက ငွေကြေး၊ နည်းပညာနှင့် ဈေးကွက် ရှာဖွေမှု ပြုလုပ်ပြီး တောင်သူများက ၄င်းတို့၏ မြေယာနှင့် လုပ်အားပါဝင်ဆောင် ရွက်ပေးရသည့် စီမံချက်ကို ဆာဝမ်နာခက် ပြည်နယ်တွင် အကောင်အထည်ဖော်လျက်ရှိသည်ဟု သိရသည်။ ထို့ပြင် ကမ္ဘာ့အကြီးဆုံး ဈေးကွက်ဖြစ်သော တရုတ်နိုင်ငံတွင် လာအိုနိုင်ငံ၏ အော်ဂဲနစ် ဆန်များ တင်ပို့ ရောင်းချနိုင်ရန် စဉ်းစားလျက် ရှိသည်။ လာအိုနိုင်ငံသည် ၂ဝဝဝ ပြည့်နှစ် မှစ၍ ဗီယက်နမ်၊ ထိုင်း၊ တရုတ်နှင့် အခြားနိုင်ငံများသို့ နှစ်စဉ်ဆန်တန်ချိန် ၃ သိန်းကျော် တင်ပို့ရောင်းချလျက်ရှိသည်။

အာရှတင်ပို့သည့် နိုင်ငံများတွင် ဖြစ်ပေါ်နေသော ဆန်ပို့ကုန် FOB ဈေးနှုန်းများ၏ အခြေအနေကို ဇယား - ၁ အတိုင်းတွေ့ရှိရပါသည်။

ဇယား-၁    (ဈေးနှုန်း USD.PMT)

ဆန်အမျိုးအမည် ၁၃-၁-၂ဝ၁၇ ၂ဝ-၁-၂ဝ၁၇
ထိုင်းဆန်ဖြူ    ၁ဝဝ%
ထိုင်းဆန်ဖြူ    ၅%
ထိုင်းဆန်ဖြူ    ၂၅%
ထိုင်းပေါင်းဆန်
ဗီယက်နမ်ဆန်ဖြူ    ၅%
ဗီယက်နမ်ဆန်ဖြူ    ၂၅%
ပါကစ္စတန်ဆန်ဖြူ    ၂၅%
ပါကစ္စတန် ပေါင်းဆန်
အိန္ဒိယဆန်ဖြူ    ၂၅%
အိန္ဒိယ ပေါင်းဆန်
၃၉ဝ
    ၃၇၇
    ၃၆၈
    ၃၉ဝ
    ၃၅ဝ
    ၃၃၅
    ၃၂၅
    ၃၆၅
    ၃၄ဝ
    ၃၄ဝ
၃၉၅
    ၃၈ဝ
    ၃၇၁
    ၃၉၅
    -
    -    
    -
    -
    -
    -

အိန္ဒိယဈေးကွက်ပဲဈေးနှုန်း

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းဈေးကွက်တွင် ဖြစ်ပေါ်နေသည့် ပဲမျိုးစုံဈေးနှုန်း များ၏ အခြေအနေကို ဇယား - ၂ အတိုင်းတွေ့ရှိရပါသည်။

ဇယား-၂ (ဈေးနှုန်း USD.PMT)

ပဲအမျိုးအမည် ၁၃-၁-၂ဝ၁၇ ၂ဝ-၁-၂ဝ၁၇
မတ်ပဲ
ပဲစင်းငုံ
ပဲတီစိမ်း
ကုလားပဲ ဖြူလုံးကြီး
၁၈၂
    ၆၄၇
    ၆၃၂
    ၉၄၈
၁၈၇
    ၆၉၇
    ၆၇၅
    ၉၉၈

မွမ်ဘိုင်းဈေးကွက်တွင် ဇန်နဝါရီ ၁၆ ရက်က ပဲစင်းငုံနီဈေးမှာ တစ် ကွင်တယ်လျှင် ရူပီး ၄၅၅ဝ ရှိသဖြင့် ယခင်နေ့ က ဈေးနှင့် နှိုင်းယှဉ်ပါက ရူပီး ၁ဝဝ မြင့်တက်ခဲ့သည်။ မတ်ပဲ ဈေးအတက်အကျမရှိဘဲ တစ်ကွမ် တယ်လျှင် ရူပီး ၅၈ဝဝ နှုန်းရှိခဲ့ သည်။ ပဲနီလေးဈေးမှာ တစ်ကွင်တယ်လျှင် ရူပီး ၄၅ဝဝ ရှိခဲ့ပါသည်။ ကုလားပဲ ဈေးနှုန်းမှာ ဒီဇင်ဘာ အဝင်ပဲများအ တွက် ရူပီး ၅၉ဝဝ ဈေးပေးပြီး ဇန်နဝါရီတွင် ရောက်ရှိမည့် ကြိုတင်ဝယ် ယူသည့် ဈေးမှာတစ်ကွင်တယ်လျှင် ရူပီး ၅၄ဝဝ ဈေးရှိသည်။ လောလော ဆယ် ပေါက်ဈေးမှာ တစ်ကွင်တယ်လျှင် ရူပီး ၆၃ဝဝ ဖြစ်သည်။ ပဲမျိုးစုံ ဈေးအားလုံးကို ခြုံကြည့်ပါက ဈေးကွက် မှာ အေးနေ ဆဲဖြစ်သည်။

ထိုင်းနိုင်ငံတွင် စပါးအစားကြံကိုပြောင်းလဲစိုက်ရန် အားပေး

ကြံကြိတ်ရာသီသည် ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလတွင် စတင်ခဲ့ရာ ယခင်နှစ်ရာသီထက်သကြားပိုမိုထွက်ရှိမည်ဟု သိရသည်။ ထို့ကြောင့် အီသနောထုတ်လုပ်ရာတွင် အသုံးပြုသည့် သကာရည်ပမာဏ လုံလုံ လောက်လောက်ရရှိနိုင်မည်ဖြစ်သည်။ အဆိုပါ  သကာရည်နှင့် ဓာတ်ဆီ ရောစပ်ကာ လောင်စာဆီ၊ စက်သုံးဆီအဖြစ် ထုတ်လုပ်လျက်ရှိသည်။ ထို့ကြောင့် ထိုင်းအစိုးရက လယ်သမားများအား စပါးအစားကြံကို ပြောင်း လဲစိုက်ပျိုးရန်အားပေးလျက်ရှိသည်။  

မောင်သုံးသပ်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.