30 - 3 - 2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မင်္ဂလာ မန္တလေးသင်္ကြန်ပွဲတော်တွင် မောင်သင်္ကြန် မယ်သင်္ကြန် ရွေးချယ်ပွဲကြီးပါဝင်မည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1007
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ပြည်တွင်း စီးပွား
မြန်မာ့ပို့ကုန် ဈေးကွက်သတင်း

ဆန်

ယခုတစ်ပတ် ရန်ကုန်ဝါးတန်းဆန်ဈေးကွက်တွင် ဆန်ချော၊ ဆန် ကြမ်း အဟောင်းနှင့် အသစ်ဈေးများ ငြိမ်နေပါသည်။ ဖျာပုံပေါ်ဆန်း ထိပ်စတစ်အိတ်လျှင် ကျပ် ၃၈ဝဝဝ၊ လတ်စတစ်အိတ်လျှင် ၃၄ဝဝဝ၊ ပုသိမ်-မြောင်းမြပေါ်ဆန်း ထိပ်စတစ်အိတ်လျှင် ကျပ် ၄ဝဝဝဝ၊ လတ်စ တစ်အိတ်လျှင် ကျပ် ၃၄ဝဝဝ၊ ရွှေဘိုပေါ်ဆန်းအသစ်ရှယ် တစ်အိတ် လျှင် ကျပ် ၂၅ဝဝဝ မှ ၂၉ဝဝဝ၊ ရွှေဘိုပေါ်ဆန်းဟောင်း တစ်အိတ်လျှင် ကျပ် ၄၃ဝဝဝ မှ ၄၄၅ဝဝ ရှိပြီး ယခင်တစ်ပတ်ကဲ့သို့ပင် ဈေးငြိမ်နေပါ သည်။ ဧည့်မထဆန်ထိပ်စ တစ်အိတ်လျှင် ကျပ် ၁၉၅ဝဝ၊ လတ်စတစ် အိတ်လျှင် ကျပ် ၁၈၅ဝဝ၊ နွေဦးသီးထပ် (ရှယ်) တစ်အိတ်လျှင်ကျပ် ၁၉ဝဝဝ မှ ၂ဝဝဝဝ၊ နွေဆန်ရက် ၉ဝ တစ်အိတ်လျှင် ၁၉၅ဝဝ ကျပ်မှ ကျပ် ၂၁ဝဝဝ၊ မနောသုခတစ်အိတ်လျှင် ကျပ် ၂၄ဝဝဝ မှ ၂၅ဝဝဝ၊ အိတ်စပို့ ၂၅ မှတ် တစ်အိတ်လျှင် ကျပ် ၁၅ဝဝဝ မှ ၁၆ဝဝဝ အတက် အကျမရှိ ဈေးငြိမ်နေသည်။ ကုန်စည်ဒိုင်သို့ ဆန်အဝင်ပါးနေသော်လည်း ဈေးမမြင်ဘဲ အရောင်းအဝယ်ငြိမ်နေသည်။ ဆန်အဝင်ပါးရသည် အကြောင်းရင်းမှာ ဆန်စက် လုပ်ငန်းရှင်များ က ဈေးမကိုက်သဖြင့် လိုသ လောက်သာ ဝယ်ယူကြိတ်ခွဲနေကြ၍ ဖြစ်သည်။ ယခုတစ်ပတ်မြို့နယ်စုံမှ မူဆယ်သို့ ဆန်အဝင်မှာ ဇန်နဝါရီ ၆ ရက်မှ ၁၂ ရက်အထိ တန်ချိန် ၃၁၁၄၆ ရှိသည်။ ဇန်နဝါရီ ၁၃ ရက်နေ့တွင် ငွေလဲနှုန်းမှာ တစ်ယွမ်လျှင် ၁၉၃ ဒသမ ဝ၅ ကျပ် ဈေးပေါက်ပါသည်။ တရုတ်နယ်စပ်ရှိ ကုန်သွယ် ရေးစခန်းများမှ ဒီဇင်ဘာ ၃၁ ရက်မှ ဇန်နဝါရီ ၆ ရက်အထိ တရုတ်နိုင်ငံ ဘက်သို့ ဆန်စုစုပေါင်း ၁၈၂၆၆ တန် တင်ပို့ခဲ့ပါသည်။ ယခင်တစ်ပတ် ထက် တန်ချိန် ၁၂၃၄၆ လျော့နည်း တင်ပို့ခဲ့ပါသည်။ ယခုကဲ့သို့ ဆန်တင် ပို့မှု လျော့နည်းလာရခြင်းမှာ တရုတ်နိုင်ငံဘက်တွင် အဖမ်းအဆီး အနည်း ငယ်ရှိခြင်းကြောင့် လည်းကောင်း၊ ကွတ်ခိုင်နှင်း နမ့်ဖတ်ကြား ကားလမ်း၊ ပိတ်ဆို့၍ ကားခများ ဈေးတက်လာခြင်းကြောင့်လည်းကောင်း ဖြစ်ပေ သည်။

ပဲမျိုးစုံတင်ပို့မှု

 ဒီဇင်ဘာ ၂၁ ရက်မှ ဇန်နဝါရီ ၇ ရက်အထိ ပြည်ပသို့ ပဲမျိုးစုံတင်ပို့ မှု တန်ချိန်ကို ဇယား-၁ အတိုင်း တွေ့ရှိရပါသည်။

ဇယား-၁ (ရေတွက်ပုံ-တန်)

ပဲအမျိုးအမည် ၃၁-၁၂-၂ဝ၁၆ ၇-၁-၂ဝ၁၇
မတ်ပဲ
ပဲတီစိမ်း
ပဲစင်းငုံ
ကုလားပဲ
ပဲလွန်းဖြူ
မြေထောက်ပဲ
၄၉၅၉၁၆
    ၁၈၁၉၂၁
    ၂ဝ၇၅၅၁
    ၂၉၄၁၅
    ၁၈ဝ၅၆
    ၁၃၂၃၃
၁၃၃၅၇
    ၁၃၉ဝ
    ၁၂၄၉
    ၁၄၂
    -
    -

ယခုတစ်ပတ် ၁၆-၁-၂ဝ၁၇ နေ့ထိဘုရင့်နောင် ပဲဈေးကွက်တွင် မတ်ပဲနှင့်ပဲစင်းငုံနီ ဈေးများ ဆက်လက်ကျဆင်းခဲ့ပါသည်။ ယခင်တစ် ပတ်တွင် မတ်ပဲ အက်ဖ်အေကြူ (အာစီ) တစ်တန်လျှင် ကျပ် ၁၁၇၅ဝဝဝ ရှိခဲ့ရာမှ ယခုတစ်ပတ်တွင် ကျပ် ၁ဝ၆၈ဝဝဝ၊ မတ်ပဲ အက်စကြူ (အာစီ) တစ်တန်လျှင် ကျပ် ၁၁၅၅ဝဝဝ နှင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ပဲစင်းငုံနီ (အာစီ) ဈေးမှာလည်း ယခင် တစ်ပတ်တွင် တစ်တန်လျှင် ကျပ် ၈၁၅ဝဝဝ မှ ယခုတစ်ပတ်တွင် ကျပ် ၇၉၃ဝဝဝ အထိ ဈေးကျခဲ့သည်။ မန္တလေးဈေးကွက်တွင် မတ်ပဲအသစ်များ အမြောက်အမြားဝင်ရောက်လာ သောကြောင့် ဝယ်သူများက ဈေးလျှော့ဝယ်ယူခဲ့သဖြင့် ယခင်တစ်ပတ် ထက် ဈေးကျဆင်းခဲ့ပါသည်။ မတ်ပဲ အသစ်တစ်ပိဿာလျှင် ၁၆၃၃ ကျပ် (တစ်တန်လျှင် ၁ဝဝဝဝ၃၂ ကျပ်)၊ မတ်ပဲဟောင်းတစ်ပိဿာလျှင် ၁၈၆၇ ကျပ် (တစ်တန်လျှင် ၁၁၄၃၃၃၂ ကျပ်) နှင့် ရန်ကုန်ဝယ်လက်၊ မြို့ခံပဲခွဲစက်များက တစ်နေ့လျှင် အိတ် ၅ဝဝ ခန့် ဝယ်ယူခဲ့သည်။

မောင်သုံးသပ်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.