24-8-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ရင်းနှီးမြှုပ်နှံမှု တိုးတက်နေတဲ့ ဂျာမန် အိမ်ရာဈေးကွက်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1025
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ပြည်တွင်း စီးပွား
ကမ္ဘာ့ကောက်ပဲသီးနှံဈေးကွက်သတင်း

ဆန်

ဗီယက်နမ်နိုင်ငံ ဆန်တင်ပို့မှုနှင့် ကုန်သည်များအပေါ် ချမှတ်ထား သော စည်းမျဉ်းဥပဒေများကို ပယ်ဖျက်ပေးရန် ဗီယက်နမ် ကုန်သွယ်ရေး ဝန်ကြီးက တင်ပြထားသည်ဟု သိရသည်။ ဗီယက်နမ်တွင် ဆန်ပို့ကုန် လိုင်စင်ဦးရေကို ၁၅ဝ အထိသာ ကန့်သတ် ထားခြင်း၊ ဆန်တင်ပို့ရန်အ တွက် လျှောက်ထားရာတွင် အနည်းဆုံး ဆန်တန်ချိန် ၅ဝဝဝ သို့ လှောင် နိုင်သည့် သိုလှောင်ရုံ တစ်လုံးရှိရမည်ဟု ပြဋ္ဌာန်းထားခြင်း၊ လယ်သမားများ နှင့် အနီးကပ်အဆက်အသွယ်ရှိသော ကုမ္ပဏီအများအပြားမှာ ဆန်ပို့ကုန် လုပ်ငန်းကို တိုက်ရိုက်ဆောင်ရွက်နိုင်ခြင်းမရှိဘဲ ကြားပွဲစားများအပေါ် မှီခိုနေရခြင်းတို့ကြောင့် ဆန်ပို့ကုန်လုပ်ငန်းကို တိုးချဲ့ဆောင် ရွက်ရာတွင် အဟန့်အတားများဖြစ်ပေါ်လာခဲ့သည်ဟု သိရသည်။

ထိုင်းအစိုးရ၏ ဆန်လက်ကျန်တန်ချိန် ရှစ်သန်းကို ၂ဝ၁၇ ခုနှစ်အ တွင်း ကော်မတီဖွဲ့၍ အပြီးအပြတ်ရောင်းချသွားမည်ဟု သိရ သည်။  ထိုင်း နိုင်ငံသည် ယခုဒီဇင်ဘာလ ၁၄ ရက်အထိ ပြည်ပသို့ ဆန်တန်ချိန် ၉ ဒသမ ၃ သန်းတင်ပို့ခဲ့ပြီးဖြစ်၍ ယခင်နှစ်က ထက်နှစ်ရာခိုင်နှုန်းပိုမိုတင်ပို့ လာနိုင်ခဲ့သည်။ ထိုင်းဆန်ကို အများဆုံး ဝယ်ယူသည့် ထိပ်တန်း ငါးနိုင်ငံ မှာ ဘီနင်၊ တရုတ်၊ အိုင်ဗရီကို့စ်၊တောင်အာဖရိကနှင့် ကင်မရွန်းနိုင်ငံတို့ ဖြစ်ကြသည်ဟု သိရသည်။

အာရှတင်ပို့သည့် နိုင်ငံများတွင် ဖြစ်ပေါ်နေသော ဆန်ပို့ကုန် FOB ဈေးနှုန်းများ၏ အခြေအနေကို ဇယား-၁ အတိုင်း တွေ့ရှိရသည်။

ဇယား-၁ (ဈေးနှုန်း USD.PMT)

ဆန်အမျိုးအမည် ၃ဝ-၁၂-၂ဝ၁၆ ၆-၁-၂ဝ၁၇
ထိုင်းဆန်ဖြူ    ၁ဝဝ%
ထိုင်းဆန်ဖြူ    ၅%
ထိုင်းဆန်ဖြူ    ၂၅%
ထိုင်းပေါင်းဆန်
ဗီယက်နမ်ဆန်ဖြူ    ၅%
ဗီယက်နမ်ဆန်ဖြူ    ၂၅%
ပါကစ္စတန်ဆန်ဖြူ    ၂၅%
ပါကစ္စတန် ပေါင်းဆန်
အိန္ဒိယဆန်ဖြူ    ၂၅%
အိန္ဒိယ ပေါင်းဆန်
၃၈ဝ
    ၃၇ဝ
    ၃၆ဝ
    ၃ဝ၇
    ၃၅ဝ
    ၃၃၅
    ၃၁၅
    -
    ၃၃ဝ
    ၃၅၅
၃၈ဝ
    ၃၇ဝ
    ၃၆ဝ
    ၃ဝ၇
    ၃၃၇
    ၃၂၇
    ၃၂၅
    ၃၆၅
    ၃၄ဝ
    ၃၄ဝ

အိန္ဒိယဈေးကွက်ပဲဈေးနှုန်း

အိန္ဒိယနိုင်ငံမွမ်ဘိုင်း ဈေးကွက်တွင်ဖြစ်ပေါ်နေသည့် ပဲမျိုးစုံဈေးနှုန်း များ၏ အခြေအနေကို ဇယား-၂ အတိုင်းတွေ့ရှိရပါသည်။

ဇယား-၂ (ဈေးနှုန်း USD.PMT)

ပဲအမျိုးအမည် ၃ဝ-၁၂-၂ဝ၁၆ ၅-၁-၂ဝ၁၇
မတ်ပဲ
ပဲစင်းငုံ
ပဲတီစိမ်း
ကုလားပဲ ဖြူလုံးကြီး
၉၄ဝ
    ၆၉၇
    ၆၃၁
    ၁၂ဝ၈
၉၂၉
    ၆၆၄
    ၆၄၉
    ၁ဝ၃၃

ပဲစင်းငုံဈေးက မွမ်ဘိုင်းဈေးကွက်တွင် ဇန်နဝါရီ ၂ ရက်၌ တစ်ကွင် တယ်လျှင် ရူပီး ၄၈ဝဝ အထိရှိသဖြင့် ယခင်နှစ် က ဈေးထက်မြင့်တက် လာသည်။ မတ်ပဲ FAQ ဈေးမှာ တစ်ကွင်တယ်လျှင် ရူပီး ၅ဝဝ မြင့်တက် ပြီး ရူပီး ၆၄ဝဝ အထိ ရောက်ရှိ ခဲ့သည်။  အထူးသဖြင့် ပဲတီစိမ်းနှင့် ပဲစင်းငုံဈေးများကျဆင်းနေသဖြင့် မတ်ပဲဈေးက ဈေးအမြင့်တွင် ရှိနေရန် ခဲယဉ်းပါသည်။ မတ်ပဲ FQ ဈေးက တစ်ကွင်တယ်လျှင် ရူပီး ၇ဝဝဝ ရှိပြီး ဈေးပြန်ကျဆင်းနိုင်ပါသည်။ ကုလားပဲဈေးက ရူပီး ၂ဝဝ မြင့်တက်ခဲ့ ပြီး တစ်ကွင်တယ်လျှင် ရူပီး ၈ဝဝ နှုန်းရှိပါသည်။ ပဲစိမ်းလုံးဈေးမှာ မွမ် ဘိုင်းဈေးကွက်တွင် ရူပီး ၂၄၁၁ နှုန်းရှိသည်။ ပဲတီစိမ်းဈေးက ကုလားပဲ ဈေးမြင့်တက်လာသည်ကို အကြောင်းပြုပြီးမြင့်တက်လာသဖြင့် ထပ်မံမြင့် တက်မည့် အလားအလာမရှိပါ။

မောင်သုံးသပ်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.