24-8-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
၂ဝ၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ သြဂုတ်လ ၃ ရက်နေ့အထိ လေးလတာကာလအတွင်း တာချီလိတ်နယ်စပ်ဝင်ပေါက်မှ နိုင်ငံတကာ ခရီးသွားဧည့်သည်ရှစ်ထောင့်ငါးရာကျော်ဝင်ရောက်လည်ပတ်ခဲ့
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1025
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ပြည်တွင်း စီးပွား
မြန်မာ့ပို့ကုန် ဈေးကွက်သတင်း

ဆန်

ဒီဇင်ဘာ နောက်ဆုံးပတ်အတွင်း ရန်ကုန်ဝါးတန်း ကုန်စည်ဒိုင်တွင် ဆန်ဟောင်းရော၊ ဆန်သစ်ပါ ဈေးနှုန်း အတက်အကျ သိပ်မရှိကြောင်း သိရသည်။ မူဆယ်ဆန်ဈေးကွက်တွင် ဆန်ကြမ်းတစ်အိတ်လျှင်တစ်ယွမ် မှ နှစ်ယွမ်ခန့်အထိ ဈေးကျလာသည်။ ယခုတစ်ပတ်ပြည်တွင်း နယ်စုံမှ မူဆယ်သို့ ဆန်အဝင်မှာ တန်ချိန် ၃ဝ၆ဝ ရှိပါသည်။ ဆန်အဝင်ပုံမှန်ရှိ လာပြီး၊ အရောင်းအဝယ် လည်း ပုံမှန်ရှိလာပါသည်။ ငွေလဲနှုန်းအရ တစ်ယွမ်ကို ၁၉၄ ကျပ် ဈေးပေါက်ကြောင်း သိရသည်။ ယခုတစ်ပတ်အ တွင်း မြန်မာ-တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေး စခန်းများမှ တရုတ်နိုင်ငံသို့ ဆန်တန်ချိန် ၃၄၁၂၆ တန်ကျော် တင်ပို့ခဲ့သဖြင့် ယခင်တစ်ပတ်ထက် ၈၈၂၆ တန် ပိုမိုတင်ပို့နိုင်ခဲ့သည်။ စခန်းအလိုက် တင်ပို့မှုမှာ မူဆယ် ၁ဝ၅ မိုင်မှ ငစိန်ဆန် ၂ဝ၅ဝ တန်၊ ဧည့်မထဆန် ၂ဝ၁၄၁ တန် ကျော်၊ လွယ်ဂျယ်မှ ငစိန်ဆန် ၁ဝ၁၄၇ တန်ကျော်နှင့် ချင်းရွှေဟော်မှ ဧည့်မထ ဆန် ၁၇၈၇ တန်ကျော် တင်ပို့ခဲ့ပါသည်။

Re-export သကြားတင်ပို့မှု

 မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်၊ လွယ်ဂျယ်နှင့် ချင်းရွှေဟော် စခန်း များမှ ဒီဇင်ဘာ ၁၇ ရက်မှ ၂၃ ရက်အတွင်း အမေရိကန်ဒေါ်လာ ၂၅ ဒသမ ၁ဝ၂ သန်း တန်ဖိုးရှိ Re-export သကြား ၄၄၉၅၇ တန်ခွဲ တင်ပို့ ခဲ့ပါသည်။ စခန်းအလိုက်တင်ပို့မှုမှာ မူဆယ်မှ ၄၃၈၉ဝ တန်၊ လွယ်ဂျယ်မှ ၆၇ တန်ခွဲနှင့် ချင်းရွှေဟော်မှ တန် ၁ဝဝဝ ဖြစ်ပါသည်။ မြန်မာ-ထိုင်းနယ်  ထပ် မြဝတီ ကုန်သွယ်ရေးဇုန်မှ ယင်းရက်သတ္တပတ်အတွင်း သကြား ၂၅၅ဝ တန်တင်သွင်းခဲ့ပါသည်။ ယခင်တစ်ပတ်က ၃၂၅၇ တန် တင်သွင်း ခဲ့သဖြင့် ယခုတစ်ပတ်တွင် ၇ဝ၇ တန် လျော့နည်းတင်သွင်းခဲ့ပါသည်။  မူဆယ်ကုန်စည်ဒိုင်တွင် သကြားတစ်တန်လျှင် ၁ဝ၄၅၂ဝဝ ကျပ် ခန့် အထိ ဝယ်ယူရပြီး တရုတ်နိုင်ငံဘက်သို့ ၅ဝ ကီလိုတစ်အိတ်လျှင် ၂၆၇ ယွမ် ဈေးနှင့် ရောင်းချသည်။ မူဆယ်ဂိုထောင် များတွင် သကြားပြတ်လပ် မှုမရှိဘဲ အရောင်းအဝယ်ကောင်းမွန်ကာ ကုန်သွယ်မှု ပုံမှန်စီးဆင်းလျက်ရှိ သည်။

ပဲမျိုးစုံတင်ပို့မှု

ဒီဇင်ဘာ ၁၇ ရက်မှ ၂၄ ရက်အထိ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှု တန်ချိန် ကို ဇယား-၁ အတိုင်း တွေ့ရှိရပါသည်။

ဇယား-၁ (ရေတွက်ပုံ - တန်)

ပဲအမျိုးအမည် ၁၇-၁၂-၂ဝ၁၆ ၂၄-၁၂-၂ဝ၁၆
မတ်ပဲ
ပဲတီစိမ်း
ပဲစင်းငုံ
ကုလားပဲ
ပဲလွန်းဖြူ
မြေထောက်ပဲ
၅၄၂၃
    ၂၄ဝ၆
    ၁၂၄၆
    ၂၅
    ၆၉
    ၇၂
၁ဝ၉၂ဝ
    ၃၅၅ဝ
    ၇ဝ၎
    ၁၁
    ၁၉၇
    ၆၆

ယခုတစ်ပတ် ၂-၁-၂ဝ၁၇ နေ့ထိ ဘုရင့်နောင် ပဲဈေးကွက်တွင် မတ်ပဲ FQ နှင့် ပဲစင်းငုံနီတို့ တက်ဈေးရပြီး အရောင်းအဝယ်ဖြစ် ခဲ့ပါသည်။ ယခင်တစ်ပတ်က မတ်ပဲ FQ တစ်တန်လျှင် ကျပ် ၁၂၅၄ဝဝဝ မှ ယခုတစ် ပတ်တွင် ကျပ် ၁၂၇၅ဝဝဝ၊ ပဲစင်းငုံနီ တစ်တန်လျှင် ယခင်တစ်ပတ်က ကျပ် ၈၅ဝဝဝဝ မှ ယခုတစ်ပတ်တွင် ကျပ် ၈၈ဝဝဝဝ အထိ ဈေးတက် ခဲ့ပြီး မတ်ပဲ FAQ မှာ ယခင် တစ်ပတ်က တစ်တန်လျှင် ရောင်းဈေးကျပ် ၁၁၈ဝဝဝဝ မှ ယခုတစ်ပတ်တွင် ကျပ် ၁၁၇၅ဝဝဝ သို့ ဈေးအနည်းငယ် ကျလာသည်။

အိန္ဒိယသို့ ကွမ်းသီးပိုမိုတင်ပို့မှု

 မြန်မာ-အိန္ဒိယနယ်စပ်မှ ဒီဇင်ဘာ ၁၇ ရက်မှ ၂၃ ရက်အတွင်း ကွမ်းသီး ၆၇၁ တန် တင်ပို့ခဲ့သည်။ ယခင်တစ်ပတ်က ၆ဝ၄ တန် တင်ပို့ခဲ့သဖြင့် ယခုတစ်ပတ်တွင် ၆၇ တန် ပိုမိုတင်ပို့ခဲ့ပါသသည်။ အိန္ဒိယ နယ်စပ် တမူးကုန်သွယ်ရေး စခန်းနှင့် ရိဒ်စခန်းတို့မှ တင်ပို့လျက်ရှိသည်ဟု သိရသည်။

မောင်သုံးသပ်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.