19-10-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ၄ လတာ ကာလအတွင်း နိုင်ငံတကာ ခရီးသွားဧည့်သည် တစ်သန်းကျော် လာရောက်လည်ပတ်ရန် ခန့်မှန်းထား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1033
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ပြည်တွင်း စီးပွား
ကမ္ဘာ့ကောက်ပဲသီးနှံဈေးကွက်သတင်း

ဆန်

ထိုင်းနိုင်ငံတွင် စံပယ်ဖြူဆန်ထွက်ရှိသဖြင့် နာမည်ကြီးဒေသဖြစ် သော နိုင်ငံ၏ အရှေ့မြောက်ပိုင်းရှိ ရွိုင်အက်ဒေသမှ လယ်သမားများ သည် လက်ရှိပေါက်ဈေးအရ စံပယ်ဖြူဆန် တစ်ကီလိုလျှင် ခြောက်ဘတ် နှုန်းသာရရှိကြသည်။ သူတို့ ရောင်းချသည့် ဆန်များမှာ အစိုဓာတ်များ လွန်းနေသဖြင့် လေလံပွဲတွင် ရောင်းချ၍မရကြောင်း လယ်သမားအများ စုက ပြောပါသည်။ ထိုင်းနိုင်ငံမှာ အဓိက ဆန်ထုတ်လုပ်သည့် နိုင်ငံဖြစ် သော်လည်း ဆန်ရောင်းဝယ်ဖောက်ကားမှုလုပ်ငန်းဆောင်ရွက်နေသူ ထိုင်းလယ်သမားများမှာ ငွေကြေး အရ အကျိုးခံစားခွင့်မရကြသည်ကို တွေ့ရသည်။ ထို့ကြောင့် ဆန်စပါးစိုက်ပျိုးရေးလုပ်ငန်း၏ ရေရှည်ဖွံ့ဖြိုး တိုးတက် ရေးမှာ မေးခွန်း ထုတ်စရာဖြစ် လာသည်။ ဆန်စပါးစိုက်ပျိုးသူ လယ်သမား အများစုမှာ အသေးစားလုပ်ငန်းများ ဖြစ်သဖြင့် ငွေကြေးအရ ရေရှည် တည်တံ့ခိုင်မြဲရေးအတွက် လယ်များကို တစ်ကွင်းတစ်စပ်တည်းဖြစ် အောင် အစိုးရက ပေါင်းစည်းပေးလိုသော ဆန္ဒရှိသည်ဟု သိရ သည်။

အာရှတင်ပို့သည့်နိုင်ငံများတွင် ဖြစ်ပေါ်နေသော ဆန်ပို့ကုန် FOB ဈေးနှုန်းများ၏ အခြေအနေကို ဇယား-၁ အတိုင်း တွေ့ရှိရပါသည်။

ဇယား-၁ (ဈေးနှုန်း USD.PMT)

ဆန်အမျိုးအမည်  
၁၅-၁၂-၂ဝ၁၆ ၂၂-၁၂-၂ဝ၁၆

ထိုင်းဆန်ဖြူ    ၁ဝဝ%
ထိုင်းဆန်ဖြူ    ၅%
ထိုင်းဆန်ဖြူ    ၂၅%
ထိုင်းပေါင်းဆန်
ဗီယက်နမ်ဆန်ဖြူ    ၅%
ဗီယက်နမ်ဆန်ဖြူ    ၂၅%
ပါကစ္စတန်ဆန်ဖြူ    ၂၅%
ပါကစ္စတန် ပေါင်းဆန်
အိန္ဒိယဆန်ဖြူ    ၂၅%
အိန္ဒိယ ပေါင်းဆန်
၃၈၆
    ၃၇၅
    ၃၆၆
    ၃၈ဝ
    ၃၅ဝ
    ၃၃၅
    ၃၁၅
    -
    ၃၃ဝ
    ၃၅၅
၃၈၆
    ၃၇၅
    ၃၆၆
    ၃၈ဝ
    ၃၅ဝ
    ၃၃၅
    ၃၁၅
    -
    ၃၃ဝ
    ၃၅၅

အိန္ဒိယ ဈေးကွက်ပဲဈေးနှုန်း

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းဈေးကွက်တွင် ဖြစ်ပေါ်နေသည့် ပဲမျိုးစုံ ဈေးနှုန်းများ၏ အခြေအနေကို ဇယား-၂ အတိုင်း တွေ့ရှိရပါသည်။

ဇယား-၂ (ဈေးနှုန်း USD.PMT)

ပဲအမျိုးအမည် ၁၅-၁၂-၂ဝ၁၆ ၂၂-၁၂-၂ဝ၁၆
မတ်ပဲ
ပဲစင်းငုံ
ပဲတီစိမ်း
ကုလားပဲ ဖြူလုံးကြီး
၉၁၅
    ၇၅၂
    ၆၆၄
    ၁၄၃၁
၉၁၃
    ၇၂၂
    ၆၃၃
    ၁၃၉၉

အိန္ဒိယနိုင်ငံ၏ သကြားထုတ်လုပ်မှု

ယခု ၂ဝ၁၆-၂ဝ၁၇ ခုနှစ်တွင် အိန္ဒိယနိုင်ငံက သကြားတန်ချိန် ၂၃ ဒသမ ၄ သန်း ထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းထားသည်။ ယခင်နှစ် ထုတ်လုပ်မှုနှင့် နှိုင်းယှဉ်လျှင် ခုနစ်ရာခိုင်နှုန်းကျဆင်းခဲ့သည်။ အထူး သဖြင့် သကြားအများဆုံး ထုတ်လုပ်သော အနောက်ပိုင်းပြည် နယ်တစ်ခု ဖြစ်သည့် မဟာရရှတ္တရ ပြည်နယ်တွင် ပူပြင်းခြောက်သွေ့မှုကြောင့် သီးနှံ များ ပျက်စီးခဲ့သည့် အတွက်ကြောင့်ဖြစ်သည်။ သို့ရာတွင် အောက်တိုဘာ ၁ ရက်မှ စတင်ခဲ့သော ၂ဝ၁၆-၂ဝ၁၇ ခုနှစ် သကြားရာသီတွင် ပြည်ပမှ သကြားအများဆုံး တင်သွင်းခဲ့ ရာသော နိုင်ငံဖြစ်ခဲ့သည့် အိန္ဒိယနိုင်ငံ သည် ၂ဝ၁၅ ခုနှစ်က ကျန်ရှိခဲ့သော သကြားလက်ကျန်များကြောင့် ပြည်ပမှ သကြား တင်သွင်းရဖွယ် မရှိကြောင်း သိရသည်။ ၂ဝ၁၇-၂ဝ၁၈ သကြား ရာသီအတွက် သကြားတောင်သူတို့က ကြံစိုက်ပျိုးသော ဧရိယာကို တိုးချဲ့စိုက်ပျိုးထားပြီး ဖြစ်သည့်အတွက် ၂ဝ၁၇-၂ဝ၁၈ ခုနှစ်တွင် အိန္ဒိယနိုင်ငံ၏ သကြားထုတ်လုပ်မှုသည် ပိုလျှံလာနိုင် ဖွယ်ရှိကြောင်း အိန္ဒိယ သကြားစက်ရုံများ အသင်းက ပြောကြားထား သည်။

မောင်သုံးသပ်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.