29-6-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ရခိုင်ကမ်းရိုးတန်းတွင် ငါးဖမ်းဆီးရရှိမှုနည်းပါးလာသည့်အတွက် ငါးဖမ်းကိရိယာများ ပြောင်းလဲသုံးစွဲလာကြ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1017
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ပြည်တွင်း စီးပွား
မြန်မာ့ပို့ကုန် ဈေးကွက်သတင်း

ဆန်
    ဒီဇင်ဘာ ၃ ရက်မှ ၉ ရက်အထိ သီတင်းတစ်ပတ်အတွင်း ရန်ကုန် ဝါးတန်းကုန်စည်ဒိုင်တွင် ဆန်ချောရော၊ ဆန်ကြမ်းပါ ဈေးတက် လာသည်။ ဖျာပုံပေါ်ဆန်း ဆန်ဟောင်းထိပ်စတစ်အိတ်လျှင် ကျပ် ၃၈ဝဝဝ၊ လတ်စတစ်အိတ်လျှင် ကျပ် ၃၄ဝဝဝ၊ ပုသိမ်/မြောင်းမြပေါ် ဆန်းဆန်ထိပ်စ တစ်အိတ်လျှင် ကျပ် ၄ဝဝဝဝ၊ လတ်စတစ်အိတ်လျှင် ကျပ် ၃၄ဝဝဝ ရှိပါသည်။ ရွှေဘိုပေါ်ဆန်း ဆန်တစ်အိတ် ကျပ် ၄၃ဝဝဝ မှ ကျပ် ၄၄၅ဝဝ ဈေးပေါက်ပြီး ဖျာပုံနှင့် ပုသိမ်ပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၁ဝဝဝ မှ ၁၅ဝဝ အထိ ဈေးတက်လာပါသည်။ ဆန်ဟောင်းလက် ကျန်နည်းပြီး အဝင်ပါးသောကြောင့် ဈေးတက်ခြင်းဖြစ်သည်။

အသစ်က အရောင်းအဝယ်အေး၍ ဈေးကျခြင်းဖြစ်သည်။ အိတ်စပို့စ် ဧည့်မထ ၂၅ မှတ်တစ်အိတ်လျှင် ကျပ် ၁၅ဝဝဝ မှ ကျပ် ၁၆ဝဝဝ ဈေးပေါက်ပြီး ဧည့်မထအဟောင်းထိပ်စနှင့် လတ်စတစ်အိတ်လျှင် ကျပ် ၁ဝဝဝ ခန့် ဈေးတက်ပါသည်။

မြို့နယ်ပေါင်းစုံမှ တရုတ်နယ်စပ်မူဆယ်သို့ ဒီဇင်ဘာ ၉ ရက်မှ ၁၅ ရက်အတွင်း ဆန်တန်ချိန် ၁၆၃၈၂ တန် အဝင်ရှိသည်။ တစ်ဖက် နိုင်ငံမှ ဝယ်လိုအားရှိနေသဖြင့် ဆန်ဈေးမြင့်တက်နေသည်။ ဧည့်မထ ၅ မှတ်နှင့် ၁ဝ မှတ်မှာ တစ်အိတ်လျှင် ၂ ယွမ်မှ ၄ ယွမ်အထိ ဈေးတက် လာပါသည်။ မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေး စခန်းများမှ တရုတ် နိုင်ငံသို့ ယခုပတ်အတွင်း ဆန်စုစုပေါင်း ၂၅၂၈၂ တန် တင်ပို့ခဲ့သည်။ မူဆယ်စခန်းမှ ငစိန်ဆန် ၁၄၆ဝ တန်နှင့် ဧည့်မထဆန် ၁၃၃ဝ၄ တန် ကျော်တင်ပို့ခဲ့သည်။

ပင်လယ်ရေကြောင်း ကုန်သွယ်မှုဖြင့် ဒီဇင်ဘာ ၄ ရက်မှ ၁ဝ ရက် အထိ အာရှနှင့် အီးယူနိုင်ငံများသို့ ဆန်ဖြူနှင့် ပေါင်းဆန် ၅၆၈၁ တန် တင်ပို့ခဲ့ပြီး ဆန်ကွဲကို တန် ၁၁ဝဝဝ တင်ပို့ခဲ့ပါသည်။ ယခုတစ်ပတ်တွင် ဈေးကွက်သစ်အနေဖြင့် အိုင်ဗရီကို့စ်နိုင်ငံသို့ ဆန်ကွဲတန် ၅ဝဝဝ တင်ပို့ ခဲ့ရသည်ဟု သိရသည်။

ပဲမျိုးစုံတင်ပို့မှု

ဒီဇင်ဘာလ ၃ ရက်မှ ၁ဝ ရက်အထိ ပြည်ပသို့ ပဲမျိုးစုံ တင်ပို့မှု တန်ချိန်ကို ဇယား - ၁ အတိုင်း တွေ့ရှိရပါသည်။

ဇယား-၁ (ရေတွက်ပုံ-တန်)

ပဲအမျိုးအမည် ၃-၁၂-၂ဝ၁၆ ၁ဝ-၁၂-၂ဝ၁၆
မတ်ပဲ
ပဲတီစိမ်း
ပဲစင်းငုံ
ကုလားပဲ
ပဲလွန်းဖြူ
မြေထောက်ပဲ
၁၄၃၉
    ၁၁ဝဝ
    ၁၆၈၅
    -
    ၃၆
    ၂ဝဝ
၈၈၁၂
    ၁၇၄ဝ
    ၃၅ဝ၈
    ၄ဝ
    ၂၇၇
    ၁၆၆

ယခုတစ်ပတ် ၁၉-၁၂-၂ဝ၁၆ နေ့အထိ ဘုရင့်နောင် ပဲဈေးကွက် တွင် ပဲစင်းငုံနီနှင့် မတ်ပဲ FAQ တို့ တက်ဈေးနှင့် အရောင်းအဝယ်ဖြစ်ခဲ့ သည်။ ယခင်တစ်ပတ်က ပဲစင်းငုံနီ တစ်တန်လျှင် ကျပ် ၈၃ဝဝဝဝ ရှိခဲ့ ရာမှ ယခုတစ်ပတ်တွင် ကျပ် ၈၈ဝဝဝဝ သို့ တက်လာသကဲ့သို့ မတ်ပဲ FQတစ်တန်လျှင် ယခင်တစ်ပတ်က ကျပ် ၁၁၁၅ဝဝဝ ရှိခဲ့ရာမှ ယခု တစ်ပတ်တွင် ကျပ် ၁၁၅၅ဝဝဝ သို့ တက်လာသည်။ မတ်ပဲ FAQ က ယခင်တစ်ပတ်တွင် တစ်တန်လျှင် ကျပ် ၁၁ဝဝဝဝဝ ရှိခဲ့ရာမှ ယခုတစ် ပတ်တွင် ကျပ် ၁ဝ၇၅ဝဝဝ သို့ ဈေးကျပြီး အရောင်း အဝယ်ဖြစ်ခဲ့သည်။

မူဆယ်ဈေးကွက်တွင် ပြောင်းဈေးတက်

ယခင်တစ်ပတ်က မူဆယ်ဈေးကွက်တွင် ပြောင်း ၅ဝ ကီလိုပါ အိတ် တစ်အိတ်လျှင် ပစ္စည်းပေါ်မူတည်ပြီး ၆၆ ယွမ်မှ ၇၂ ယွမ်အကြား အ ရောင်းအဝယ်ဖြစ်ခဲ့သော်လည်း ယခုတစ်ပတ်တွင်မူ တရုတ်ကုန်သည်များ က အဆွဲများသဖြင့် ၆၉ ယွမ်မှ ၇၄ ယွမ် (တစ်တန်လျှင် ၁၃၈ဝ ယွမ်မှ ၁၄၈ဝ ယွမ်အကြား) တက်ဈေးနှင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။ ယခုတစ် ပတ် မူဆယ်မှ တရုတ်နိုင်ငံ သို့ ပြောင်း တန်ချိန် ၄၄ဝဝဝ ကျော် တင်ပို့နိုင် ခဲ့သည်။

မောင်သုံးသပ်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.