29-6-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ရခိုင်ကမ်းရိုးတန်းတွင် ငါးဖမ်းဆီးရရှိမှုနည်းပါးလာသည့်အတွက် ငါးဖမ်းကိရိယာများ ပြောင်းလဲသုံးစွဲလာကြ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1017
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ပြည်တွင်း စီးပွား
ကမ္ဘာ့ကောက်ပဲသီးနှံဈေးကွက်သတင်း

ဆန်

အိန္ဒိယနိုင်ငံ ကုမ္ပဏီ ၁၄ ခုထံမှ ဘာစမာတီဆန် တင်သွင်းရန် တရုတ်နိုင်ငံက သဘောတူလိုက်ပြီဖြစ်ပါသည်။ ဆန်တင်ပို့ ရန် လျှောက်ထားခဲ့သော ကုမ္ပဏီများအနက် ကုမ္ပဏီငါးခုကို အရည်အသွေးမမီသဖြင့် ပယ်ချခဲ့ပြီး အရည်အသွေး တိုးတက်အောင် အောင်ဆောင်ရွက်ပြီးမှ ပြန်လည်လျှောက်ထားရန် အကြံပြုခဲ့သည်။ တရုတ်နိုင်ငံသည် ကမ္ဘာ ပေါ်တွင် ဆန် အများဆုံး ဝယ်ယူသည့် နိုင်ငံဖြစ်သော်လည်း ဆန်မွှေးနှင့် ဘာစမာတီဆန်ကဲ့သို့ အကောင်းဆုံး ဆန်မျိုးများကို ယခင်က မှာယူခြင်း မရှိဘဲ ယခုနှစ်တွင်မှ စတင်ဝယ်ယူလာခြင်းဖြစ်သည်။ တရုတ်နိုင်ငံနှင့် ကုန်သွယ်ရာတွင် အိန္ဒိယနိုင်ငံ၏ ကုန်သွယ်မှုလိုငွေမှာ ၂ဝဝ၃-၂ဝဝ၄ ခုနှစ်က အမေရိကန် ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံရှိခဲ့ရာမှ ၂ဝ၁၅-၂ဝ၁၆ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၅၂ ဒသမ ၇ ဘီလီယံအထိ ရှိလာခဲ့သည်။ ယခုကဲ့သို့ တင်ပို့ခွင့်ရရှိမည်ဆိုပါက ကုန်သွယ်မှု လိုငွေ ကျဆင်းလာနိုင်ပေ သည်။ အိန္ဒိယနိုင်ငံ ဆန်တင်ပို့သူများ အသင်းဥက္ကဋ္ဌ က ''အိန္ဒိယနိုင်ငံဟာ ဟောင်ကောင်က တစ်ဆင့် ဘာစမာတီဆန်ကို နှစ်စဉ် တန် ၄ဝဝဝ ကနေ ၅ဝဝဝ အထိ တင်ပို့နေခဲ့ပါတယ်။ ယခုနှစ်မှ တရုတ်နိုင်ငံကို တိုက်ရိုက်ရောင်းချရတော့မှာ ဖြစ်တယ်''ဟု ပြောပါသည်။

အာရှတင်ပို့သည် နိုင်ငံများတွင် ဖြစ်ပေါ်နေသော ဆန်ပို့ကုန် FOB ဈေးနှုန်းများ၏ အခြေအနေကို ဇယား - ၁ အတိုင်း တွေ့ရှိရပါသည်။

ဇယား-၁ (ဈေးနှုန်း USD.PMT)

ဆန်အမျိုးအမည် ၂၃-၁၁-၂ဝ၁၆ ၁-၁၂-၂ဝ၁၆
ထိုင်းဆန်ဖြူ    ၁ဝဝ%
ထိုင်းဆန်ဖြူ    ၅%
ထိုင်းဆန်ဖြူ    ၂၅%
ထိုင်းပေါင်းဆန်
ဗီယက်နမ်ဆန်ဖြူ    ၅%
ဗီယက်နမ်ဆန်ဖြူ    ၂၅%
ပါကစ္စတန်ဆန်ဖြူ    ၂၅%
ပါကစ္စတန် ပေါင်းဆန်
အိန္ဒိယဆန်ဖြူ    ၂၅%
အိန္ဒိယ ပေါင်းဆန်
၃၇၃
    ၃၆၄
    ၃၅၇
    ၃၆၄
    ၃၅ဝ
    ၃၃၅
    ၃၁၅
    -
    ၃၃ဝ
    ၃၅၅
၃၈၅
    ၃၇၄
    ၃၆၄
    ၃၈ဝ
    ၃၅ဝ
    ၃၃၅
    ၃၁၅
    -
    ၃၃ဝ
    ၃၅၅

အိန္ဒိယဈေးကွက် ပဲဈေးနှုန်း

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းဈေးကွက်တွင် ဖြစ်ပေါ်နေသည့် ပဲမျိုးစုံ ဈေး နှုန်းများ၏ အခြေအနေကို ဇယား -၂ အတိုင်း တွေ့ရှိရပါသည်။

ဇယား-၂ (ဈေးနှုန်း USD.PMT)

ပဲအမျိုးအမည် ၂၃-၁၁-၂ဝ၁၆ ၁-၁၂-၂ဝ၁၆
မတ်ပဲ
ပဲစင်းငုံ
ပဲတီစိမ်း
ကုလားပဲ ဖြူလုံးကြီး
၁ဝ၉၃
    ၈၄၉
    ၆၅၅
    ၁၃၈၄
၁ဝ၉၃
    ၈၃၄
    ၆၅၈
    ၁၃၆ဝ

  နိုဝင်ဘာ ၁၄ ရက်မှ ၂ဝ ရက်အထိ အိန္ဒိယနိုင်ငံသို့ ပဲမျိုးစုံတင်သွင်း မှုမှာ ၃၂ဝဝ၁၂ တန်ရှိခဲ့သဖြင့် ယခင်ရက်သတ္တပတ်ထက် ၁၂ ရာခိုင်နှုန်း ပိုမိုတင်သွင်းခဲ့သည်။ အများဆုံးတင်သွင်းခဲ့သော ပဲမှာ ပဲဝါလေးဖြစ်ပြီး တန်ချိန် ၂၁၂၅၈၈ အထိရှိခဲ့သည်။ ပဲဝါလေး ၏ နောက်တွင် ပဲစင်းငုံ၊ ပဲတီစိမ်း၊ ကုလားပဲနှင့် ပဲနီလေးတို့ဖြစ်ကြပြီး ဘိုစားပဲအပါအဝင် အခြား ပဲမျိုးမှာ အနည်းငယ်သာ တင်သွင်းခဲ့ ပါသည်။

နိုင်ငံတကာပဲဈေးကွက်သတင်း

၂ဝ၁၆-၂ဝ၁၇ ခုနှစ်တွင် ကနေဒါ နိုင်ငံ၏ ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ် မှုမှာ မက်ထရစ် တန်ချိန် စုစုပေါင်း ၄ ဒသမ ၁ သန်းခန့် ရှိမည်ဖြစ်သဖြင့် ယခင်ဘဏ္ဍာနှစ်ကထက် ၂၈ ရာခိုင်နှုန်းအထိ တိုးတက်ထွက်ရှိလာခဲ့ သည်။ ယခုနှစ်ပဲ မျိုးစုံတင်ပို့မှုမှာ မက်ထရစ်တန် ၄ သန်းကျော် ရှိမည်ဟု ခန့်မှန်းရသည်။ ကနေဒါတွင် သိုလှောင်မှုမြင့်တက်နေပြီး ကမ္ဘာ့ ရောင်း လိုအားမှာ လည်း မြင့်တက်နေသောကြောင့် လယ်သမားများ လက်ဝယ်ရှိ ပဲဈေးနှုန်းများလည်း ကျဆင်းလာမည်ဟု ခန့်မှန်းရသည်။

မောင်သုံးသပ်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.