6 - 4 - 2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အင်းလေးကန်အတွင်း ရေပေါ်ဈေးသစ် တစ်ဈေး မေလတွင် စတင် အကောင်အထည်ဖော်ရန် စီစဉ်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1008
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ပြည်တွင်း စီးပွား
မြန်မာ့ပို့ကုန်ဈေးကွက်သတင်း

ဆန်

 နိုဝင်ဘာ ၁၉ ရက်မှ ၂၅ ရက် အထိ သီတင်းပတ်အတွင်း ရန်ကုန်မြို့ ဝါးတန်းကုန်စည်ဒိုင်တွင် ဆန်ဟောင်းဈေးငြိမ်နေပြီး ဆန်ကြမ်း သစ်(ရှယ်) ဈေးတက်လာသည်။ ရွှေဘိုပေါ်ဆန်း ဆန်တစ်အိတ်လျှင် ကျပ် ၄၃ဝဝဝ မှ ၄၅၅ဝဝ နှင့် ဈေးငြိမ်နေပြီး အရောင်းအဝယ် လည်း ပုံမှန် ရှိနေပါသည်။ အိတ်စပို့ ဧည့်မထ ၂၅ မှတ်တစ်အိတ်လျှင် ကျပ် ၁၅ဝဝဝ မှ ၁၆ဝဝဝ ရှိပါသည်။ ဆန်ဟောင်း ငြိမ်နေသော် လည်း ဆန်ကြမ်းသစ် (ရှယ်) တစ်အိတ်လျှင် ကျပ် ၁၇၅ဝဝ ဈေးရှိသဖြင့် ယခင်တစ်ပတ်ထက် တစ်အိတ်လျှင် ကျပ် ၁ဝဝဝ ခန့် ဈေးတက်လာသည်။ အဟောင်းနှင့် ပြန်ရောပြီး စားသုံးရာတွင် ကောင်းသဖြင့် လူကြိုက်များကာ ဈေးမြင့် တက်လာခြင်းဖြစ်သည်။ တရုတ်နယ်စပ်မူဆယ်ဈေးကွက်တွင် ပြည်တွင်း ကုန်အဝင်နည်းသွားပြီး တစ်ဖက်နိုင်ငံ၏ ဝယ်လိုအားကောင်းနေသဖြင့် ဈေးမြင့် တက်သွားလျက် ရှိသည်။ ဆန်တစ်အိတ်လျှင် ၄ ယွမ်မှ ၅ ယွမ် အထိ ဈေးတက်လာပါသည်။ နယ်စပ်စခန်းအလိုက် ဆန်တင်ပို့မှုမှာ မူဆယ် ၁ဝ၅ မိုင်မှ ငစိန်ဆန်တန် ၁၅ဝ၊ ဧည့်မထ ဆန်တန် ၂၈၉၅၊ ချင်းရွှေဟော်မှ ငစိန်ဆန် ၂ဝ၇ တန်နှင့် လွယ်ဂျယ်မှ ငစိန်ဆန် ၁၃၇၂၁ တန်ကျော် တင်ပို့ခဲ့သည်။

ပဲမျိုးစုံတင်ပို့မှု

 နိုဝင်ဘာလ ၁၉ ရက်မှ ၂၆ ရက်အထိ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှု တန်ချိန်ကိုဇယား -၁  အတိုင်း တွေ့ရှိရပါသည်။

ဇယား-၁ (ဈေးနှုန်း USD.PMT)

ပဲအမျိုးအမည် ၁၉-၁၁-၂ဝ၁၆ ၂၆-၁၁-၂ဝ၁၆
မတ်ပဲ
ပဲတီစိမ်း
ပဲစင်းငုံ
ကုလားပဲ
ပဲလွန်းဖြူ
မြေထောက်ပဲ
 ၄၆၁၁
    ၂၂၉၇
    ၁၇၈၈
    ၃၈၃
    ၁၄၄
    ၂၃၈

    ၁၃၈၂
    ၁၄ဝ၅
    ၇ဝ
    ၁၁၈
    ၆

ယခုတစ်ပတ် ၅-၁၂-၂ဝ၁၆ နေ့အထိ ဘုရင့်နောင် ပဲဈေးကွက်တွင် မတ်ပဲနှင့် ပဲစင်းငုံနီဈေးကျပြီး ယခင်တစ်ပတ်ထက် အရောင်း အဝယ် ပါး ခဲ့သည်။ မတ်ပဲ FAQ / RC  တစ်တန်လျှင် ယခင်တစ်ပတ်က ၁၂၅၇ဝဝဝ ကျပ်နှင့် ရောင်းခဲ့ရာမှ ယခုတစ်ပတ်တွင် ၁၁၇၂ဝဝဝ ကျပ်နှင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်က မတ်ပဲ RQ/RC  တစ်တန် လျှင် ၁၃၁၂ဝဝဝ ကျပ်မှ ယခင် တစ်ပတ်တွင် ၁၂၆၂၅ဝဝ ကျပ်နှင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။ ပဲစင်းငုံနီဈေးမှာ ယခင်တစ်ပတ်က တစ်တန်လျှင် ကျပ် ၉ဝဝဝဝဝ မှ ယခုတစ်ပတ်တွင် ၈၈၅ဝဝဝ ကျပ်သို့ ဈေးကျခဲ့ပြီး အရောင်းအဝယ်ဖြစ်ခဲ့သည်။ မန္တလေး ဈေးကွက်တွင် မတ်ပဲ တစ်ပိဿာလျှင် ကျပ် ၅ဝ ဈေးကျပြီး ၁၉၅ဝ ကျပ် (တစ်တန်လျှင် ၁၁၉၄၁၆၁ ကျပ်) နှင့် တစ်နေ့လျှင် အိတ် ၃ဝဝ ခန့် အရောင်းအဝယ် ဖြစ်ခဲ့သည်။ ယခု တစ်ပတ်ဈေးကွက်အတွင်း ပဲတီစိမ်းအဝင်များလာပြီး ဈေးနှုန်းအနည်းငယ်ကျဆင်းခဲ့သည်။ ယခင်တစ်ပတ်က တစ်ပိဿာလျှင် ၁၄၉၃ ကျပ်မှ ယခုတစ်ပတ်တွင် ၁၄၅၈ ကျပ် (တစ်တန်လျှင် ၈၉၂၈၆၅ ကျပ်) နှင့် ရောင်းချနေသည်။ အရောင်းအဝယ် သွက်လာပြီး နေ့စဉ် အိတ် ၇ဝဝ ကျော် ရောင်းချခဲ့ရသည်။

တရုတ်နယ်စပ် ပြောင်းတင်ပို့မှု သိသိသာသာ လျော့ကျ

 မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်၊ လွယ်ဂျယ်ချင်းရွှေဟော်နှင့် ကန် ပိုက်တီး စခန်းများမှ နိုဝင်ဘာ ၁၉ ရက်မှ ၂၅ ရက် အထိ ပြောင်းတန် ချိန် ၈၉၈၆ တန် တင်ပို့ခဲ့ရာ စခန်းအလိုက် တင်ပို့မှုမှာ မူဆယ်မှ တန် ၆ဝဝဝ၊ လွယ်ဂျယ်မှ ၂၇ဝ၉ တန်၊ ချင်းရွှေဟော်မှ ၁၆ တန်ခွဲနှင့် ကန်ပိုက် တီးမှ တန် ၂၆ဝ တန်ပို့ခဲ့သည်။ ယခင်တစ်ပတ်ထက် ပြောင်းတင်ပို့မှု တန်ချိန် ၂၈ဝဝဝ ကျော် လျော့ကျသွားသည်။ မူဆယ်ကုန်စည်ဒိုင်တွင် ပြောင်းဈေးကျသွားသည်။ မူဆယ်ကုန်စည်ဒိုင်တွင် ပြောင်းဈေးနှုန်းမှာ ယခင် တစ်ပတ်အတိုင်းအပြောင်းအလဲမရှိဟု သိရသည်။

မောင်သုံးသပ်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.