23 - 3 - 2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
လေးမြို့မြစ်ရေ တိုက်စားမှုကြောင့် မင်းပြားမြို့နယ် လက်မ(ရခိုင်) ကျေးရွာမှ နေအိမ် ၈ဝ ကျော် ဘေးလွှတ်ရာသို့ပြောင်း
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1006
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ပြည်တွင်း စီးပွား
ကမ္ဘာ့ကောက်ပဲသီးနှံဈေးကွက်သတင်း

ဆန်

ထိုင်းနိုင်ငံ အမျိုးသား ဆန်စပါးကော်မတီက တင်ပြသည့် ဟုန်မာလီ (ဂျက်စမင်း) စပါးတစ်တန်ဈေးနှုန်းအား ၁၁၅၂၅ ဘတ်ထက်ကျော်လွန် ပြီး ထိုင်းအစိုးရအဖွဲ့က ဘတ် ၁၃ဝဝဝ အထိ တိုးမြှင့် သတ်မှတ်ခဲ့သည်။ ထိုဟုန်မာလီစပါးစိုက်ပျိုးနေသည့် လယ်သမားနှစ်သန်းအတွက် ဘတ်ဘီလီ ယံ ၂ဝ ကို သုံးစွဲရန် အစိုးရက လျာထားကြောင်းသိရသည်။ အစိုးရက သတ်မှတ်သည့် ဟုန်မာလီစပါး တစ်တန်၏ အခြေခံ ဈေးနှုန်းတွင် အချိန် ကာလအတိုင်းအတာတစ်ခုအထိ သိုလှောင်ခြင်းအတွက် ဘတ် ၉၅ဝဝ နှုန်း၊ စနစ်တကျရိတ်သိမ်းခြင်းအတွက် ဘတ် ၂ဝဝဝ နှုန်းနှင့် အထွေထွေ စရိတ်အဖြစ် ဘတ် ၁၅ဝဝ နှုန်း စုစုပေါင်း ဘတ် ၁၃ဝဝဝ ဟု သတ်မှတ် ခဲ့ခြင်းဖြစ်သည်။ သို့သော် စပါးသစ်ပေါ်ချိန်တွင် သိုလှောင်ရန် အခက်အခဲ ရှိသဖြင့် လက်ငင်းရောင်းချလိုသည့် လယ်သမားများသည် အထွေထွေစရိတ် ဘတ် ၁၅ဝဝ ကို ခံစားခွင့်ရရှိမည်မဟုတ်ကြောင်းနှင့် တောင်သူများအနေဖြင့် ငါးလ အတွင်း ပြန် လည်ပေးဆပ်ရမည်ဖြစ်ကြောင်း သိရသည်။

အာရှတင်ပို့သည့် နိုင်ငံများတွင် ဖြစ်ပေါ်နေသော ဆန်ပို့ကုန် FOB ဈေးနှုန်းများ၏ အခြေအနေကို ဇယား - ၁ အတိုင်းတွေ့ရှိရပါသည်။

ဇယား-၁ (ဈေးနှုန်း USD.PMT)

ဆန်အမျိုးအမည် ၁၇-၁၁-၂ဝ၁၆ ၂၄-၁၁-၂ဝ၁၆
ထိုင်းဆန်ဖြူ    ၁ဝဝ%
ထိုင်းဆန်ဖြူ    ၅%
ထိုင်းဆန်ဖြူ    ၂၅%
ထိုင်းပေါင်းဆန်
ဗီယက်နမ်ဆန်ဖြူ    ၅%
ဗီယက်နမ်ဆန်ဖြူ    ၂၅%
ပါကစ္စတန်ဆန်ဖြူ    ၂၅%
ပါကစ္စတန် ပေါင်းဆန်
အိန္ဒိယဆန်ဖြူ    ၂၅%
အိန္ဒိယ ပေါင်းဆန်
၃၆၅
    ၃၅၆
    ၃၅ဝ
    ၃၆၅
    ၃၅ဝ
    ၃၃၅
    ၃ဝ၅
    -
    ၃၃ဝ
    ၃၅၅
၃၇၃
    ၃၆၄
    ၃၅၇
    ၃၆၄
    ၃၅ဝ
    ၃၃၅
    ၃ဝ၅
    -
    ၃၃ဝ
    ၃၅၅

အိန္ဒိယဈေးကွက်ပဲဈေးနှုန်း

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းဈေးကွက်တွင် ဖြစ်ပေါ်နေသည့် ပဲမျိုးစုံ ဈေး နှုန်းများ၏ အခြေအနေကို ဇယား - ၂ အတိုင်းတွေ့ရှိရပါသည်။

ဇယား-၂ (ဈေးနှုန်း USD.PMT)

ပဲအမျိုးအမည် ၁၇-၁၁-၂ဝ၁၆ ၂၄-၁၁-၂ဝ၁၆
မတ်ပဲ
ပဲစင်းငုံ
ပဲတီစိမ်း
ကုလားပဲ ဖြူလုံးကြီး
၁၁ဝ၎
    ၉၅၃
    ၆၆၇
    ၁၃၅၅
၁ဝ၉၃
    ၈၄၉
    ၆၅၅
    ၁၃၈၄

 နိုဝင်ဘာ ၆ ရက်မှ ၁၃ ရက်အတွင်း အိန္ဒိယနိုင်ငံက တင်သွင်းခဲ့ သော ပဲမျိုးစုံ ပမာဏမှာ ၂၈၃၄၂၆ တန်ရှိသဖြင့် ယခင် ရက်သတ္တပတ် တင်သွင်းမှုနှင့် နှိုင်းယှဉ်လျှင် ၁၆ ဒသမ ၁၄ ရာခိုင်နှုန်းမြင့်တက်လာခဲ့သည်။ တင်သွင်းခဲ့သော ပဲမျိုးစုံ အနက်ပဲဝါလေးက တန်ချိန် နှစ်သိန်းနီးပါးပါး ဝင်သဖြင့် အများဆုံးဖြစ်သည်။ ပဲစင်းငုံတင်သွင်းမှုက ၃၂၆၉၉ တန်နှင့် ဒုတိယ၊ မတ်ပဲက ၇ဝ၄၃ တန်နှင့် တတိယ၊ ကုလားပဲက ၁၁၃၈၅ တန်နှင့် စတုတ္ထအများဆုံးဖြစ်ပြီး ဘိုစားပဲအပါအဝင် ကျန်ပဲမျိုးများက အနည်းငယ် သာတင်သွင်းခဲ့သည်။

ဗီယက်နမ်သီဟိုဠ်စေ့ထုတ်လုပ်ရေး စံနှုန်းသတ်မှတ်

အရည်အသွေးတစ်သမတ်တည်းရှိနေစေရန်အတွက် ဗီယက်နမ် သီဟိုဠ်စေ့ထုတ်လုပ်ရေးအသင်းက စံနှုန်းများ သတ်မှတ်ထားပြီး ထိုစံနှုန်း များတွင် အသီးခူးခြင်း၊ အရွယ်အစားရွေးချယ်သတ်မှတ်ခြင်း၊ အခြောက် လှန်းခြင်း၊ အခွံခွာခြင်း၊ အသားကို အဆင့် သတ်မှတ်ခြင်း၊ ပိုးသတ်ပြီး ထုပ်ပိုးခြင်းနှင့် ပြည်ပတင်ခြင်း၊ သွင်းအားစုကုန်ကြမ်းပစ္စည်းများ၊ နည်းပညာ ဆိုင်ရာ လိုအပ်ချက်များနှင့် ကိရိယာများ စသည်တို့ပါဝင်သည်။ ဗီယက် နမ်နိုင်ငံ ကမ္ဘာ့သီဟိုဠ်စေ့တင်ပို့မှု၏ ထက်ဝက်ကို တင်ပို့လျက်ရှိပြီး လွန်ခဲ့သော ၁ဝ စုနှစ်အတွင်း ကမ္ဘာ့သီဟိုဠ်စေ့တင်ပို့မှုကို ဦးဆောင်နေပါသည်။

မောင်သုံးသပ်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.