29-6-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ရခိုင်ကမ်းရိုးတန်းတွင် ငါးဖမ်းဆီးရရှိမှုနည်းပါးလာသည့်အတွက် ငါးဖမ်းကိရိယာများ ပြောင်းလဲသုံးစွဲလာကြ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1017
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ပြည်တွင်း စီးပွား
မြန်မာ့ပို့ကုန်ဈေးကွက်သတင်း

ဆန်

 မြန်မာ့ဆန်များကို တရုတ်နိုင်ငံသို့ တင်ပို့ရာတွင် တစ်ဖက်နိုင်ငံမှ ကန့်သတ်ချက်များရှိသဖြင့် တရားဝင်တင်ပို့ခွင့် ရရှိရေး အတွက် နှစ်နိုင်ငံ တာဝန်ရှိသူများ အကြိမ်ကြိမ်ညှိနှိုင်း ဆွေးနွေးလျက်ရှိသည်ဟုသိရသည်။ တရုတ်နိုင်ငံဝန်ကြီးချုပ်၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း မြန်မာကုမ္ပဏီ၂၉ခုက တရုတ်နိုင်ငံသို့ ဆန်တန်ချိန် တစ်သိန်း တင်ပို့ရန် သဘောတူညီမှု ရရှိခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံမှ ဆန်များကို အင်ဒိုနီးရှားနိုင်ငံက ပိုမိုဝယ် ယူရေးအတွက် နှစ်နိုင်ငံညှိနှိုင်းလျက်ရှိကြောင်းနှင့် ဖိလစ်ပိုင်နိုင်ငံမှလည်း အစိုးရချင်း ရောင်းချနိုင်ရေးညှိနှိုင်းလျက်ရှိသည်ဟု သိရသည်။

ယခုတစ်ပတ်ရန်ကုန်ဆန်ဈေးကွက်တွင် ဆန်ချောအသစ်ရော၊ ဆန်ကြမ်းအသစ်ပါအဝယ်လိုက်နေသည်။ ထိုသို့ အဝယ်လိုက်နေခြင်း မှာ နည်းပညာသစ်အရ အခြောက်ခံစက်များ အသုံးပြုပြီး ထုတ်လုပ်ထားသဖြင့် ဆန်ဟောင်းကဲ့သို့ အရသာရှိပြီး စား၍ကောင်းသောကြောင့်ဖြစ်သည်ဟု သိရသည်။ ဆန်ကြမ်းသစ်အဝယ်လိုက်နေသကဲ့သို့ ဆန်ဟောင်း မှာလည်း ပြည်ပ ဝယ်လိုအားကြောင့် အဆွဲများနေသည်။ အိတ်စပို့ ဧည့် မထဆန် ၂၅ မှတ် တစ်အိတ်လျှင် ကျပ်၁၄၅ဝဝ မှ ၁၅၂ဝဝ ရှိပြီး ဈေး အတက်အကျသိပ်မရှိကြောင်းနှင့် ဆန်ကြမ်း ၂၅ မှတ်မှာ ပြည်ပဝယ်လို အားကောင်းလာသဖြင့် အဝယ်လိုက်လာကြောင်း သိရ သည်။

မြို့နယ်စုံမှ မူဆယ်သို့ ဆန်အဝင်မှာ နိုဝင်ဘာ ၁ဝ ရက်မှ ၁၆ရက် အတွင်း တန်ချိန် ၁၆၈၉၆ ရှိပြီး တစ်ဖက်နိုင်မှ ဝယ်လိုအား များလာသော ကြောင့် မူဆယ်သို့ ဆန်အဝင်များလာကြောင်း သိရသည်။ ထိုသို့အဝင် များသဖြင့် ဆန်ဈေးအနည်းငယ် အကျဘက်တွင် ရှိနေသည်။

ပဲမျိုးစုံတင်ပို့မှု

 နိုဝင်ဘာလ ၅ ရက်မှ ၁၂ ရက်အထိ ပြည်ပသို့ပဲမျိုးစုံ တင်ပို့မှု တန်ချိန်ကို ဇယား-၁ အတိုင်း တွေ့ရှိရပါသည်။

ဇယား-၁ (ဈေးနှုန်း USD.PMT)

ပဲအမျိုးအမည် ၅-၁၁-၂ဝ၁၆ ၁၂-၁၁-၂ဝ၁၆
မတ်ပဲ
ပဲတီစိမ်း
ပဲစင်းငုံ
ကုလားပဲ
ပဲလွန်းဖြူ
မြေထောက်ပဲ
၁၁၁၇၅
၃၉၄ဝ
၅ဝ၆၄
၃၆ဝ
၁၆၈
၅ဝ၎
၁၂၇၇၁
    ၄၂၅၈
    ၃၆၃၉
    ၁၉၂
    ၅၂၆
    ၄၃၂

ယခုတစ်ပတ် ၂၁-၁၁-၂ဝ၁၆ နေ့ထိ ဘုရင့်နောင် ဈေးကွက်တွင် ပဲစင်းငုံနီဈေးတက်ပြီး မတ်ပဲဈေးကျသည်။ ယခင်တစ်ပတ်က ပဲစင်းငုံနီ တစ်တန်လျှင် ကျပ် ၉၁၉ဝဝဝ မှ ယခုတစ်ပတ်တွင် ကျပ် ၉၆၄ဝဝဝ နှင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။ မတ်ပဲ FQ/FC က ယခင် တစ်ပတ်တွင် တစ်တန်လျှင် ကျပ် ၁၃၈၂ဝဝဝဖြင့် ဈေးဖွင့်ပြီး ယခုတစ်ပတ်တွင် ကျပ် ၁၃၇ဝဝဝဝ ဖြင့် ဈေးကျခဲ့ပြီး အရောင်းအဝယ်ဖြစ် သည်။ မတ်ပဲ FAQ/RC က ယခင်တစ်ပတ်တွင်ရှိခဲ့သည့် ဈေးအတိုင်းတစ်တန်လျှင် ကျပ် ၁၃၁၁ဝဝဝ ဖြင့် ဆက်ပြီး အရောင်းအဝယ်ဖြစ်နေသည်။

မူဆယ်ဈေးကွက်တွင် ပြောင်းဈေးငြိမ်

ယခုတစ်ပတ်တွင် မူဆယ်ဈေးကွက်၌ ပြောင်းဈေးငြိမ်နေပြီး ယခင်တစ်ပတ်က အရောင်းအဝယ်ဖြစ်ခဲ့သော ၅ဝ ကီလိုတစ်အိတ်လျှင် ၆၈ ယွမ်မှ ၇၂ ယွမ် အကြား (တစ်တန်လျှင် ယွမ် ၁၃၆ဝ မှ ၁၄၄ဝ) ဖြင့် ဆက်လက်အရောင်းအဝယ်ဖြစ်နေပါသည်။ ယခု တစ်ပတ်တွင် တရုတ်နိုင်ငံသို့ ပြောင်းတန်ချိန် ၃၆ဝဝဝ ကျော်တင်ပို့ခဲ့သည်။ မူဆယ်မှ ဝယ်ပြီး ရွှေလီဈေးကွက် တွင် ပြန်ရောင်းသော ပြောင်းကုန်သည်များက ဝယ်ရင်း ဈေးထက် ၂ဝ ရာခိုင်နှုန်းကျော်အမြတ်ရရှိခဲ့သည်ဟု သိရသည်။

မောင်သုံးသပ်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.