6 - 4 - 2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အင်းလေးကန်အတွင်း ရေပေါ်ဈေးသစ် တစ်ဈေး မေလတွင် စတင် အကောင်အထည်ဖော်ရန် စီစဉ်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1008
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ပြည်တွင်း စီးပွား
ကမ္ဘာ့ကောက်ပဲသီးနှံဈေးကွက်သတင်း

ဆန်

ထိုင်းနိုင်ငံသည် ယခုနှစ် စက်တင်ဘာလအတွင်း၌ ပြည်ပသို့ ဆန် တန်ချိန် ၇၉ဝဝဝဝ တင်ပို့နိုင်ခဲ့သဖြင့် ထိုင်းဘတ်ငွေ ၁၂ ဘီလီယံရရှိခဲ့သည်။ စက်တင်ဘာလအတွင်း ယခုကဲ့သို့ ဆန်တင်ပို့မှု မြင့်တက်လာရ ခြင်းမှာ အာဖရိကနိုင်ငံများက ဆန်ဝယ်ယူ တင်သွင်းမှု အစီအစဉ်များ ပြန်လည်စတင်ခဲ့သဖြင့် ဆန်ဟောင်းနှင့် ဆန်သစ်နှစ်မျိုးစလုံး ရောင်းချရ ခြင်းဖြစ်သည်။ စက်တင်ဘာလ အတွင်း အာဖရိက ဈေးကွက်သို့ ပေါင်း ဆန်စုစုပေါင်း ပေါင်းတန်ချိန် ၂၅၅ဝဝဝ၊ အာဖရိကနှင့် အာရှနိုင်ငံများ ဈေးကွက်သို့ ဆန်ဖြူ တန်ချိန် ၃၇၁ဝဝဝ တင်ပို့နိုင်ခဲ့သည်။ စပယ်နံ့သင်း (ဂျက်စမင်) ဆန်မှာ တန်ချိန် ၁၅၈ဝဝဝ သာ တင်ပို့နိုင်ခဲ့သဖြင့် ယခင် လထက် ၁၃ ရာခိုင်နှုန်းကျဆင်းသွားသည်။ အောက်တိုဘာလတွင် တရုတ်နှင့် အာဖရိကနိုင်ငံများမှ ဆန်များဆက်လက်ဝယ်ယူလာနိုင်မှု ကြောင့် တန်ချိန် ၇ သိန်းမှ ၈ သိန်းအထိ ရှိမည်ဟု မျှော်လင့်သည်ဟု ထိုင်းဆန်တင်ပို့သူများအသင်းက ခန့်မှန်းထားသည်။

အာရှဆန်တင်ပို့သည့် နိုင်ငံများတွင် ဖြစ်ပေါ်နေသော ဆန်ပို့ကုန်  FOB ဈေးနှုန်းများ၏ အခြေအနေကို ဇယား-၁ အတိုင်း တွေ့ရှိရ ပါသည်။

ဇယား-၁ (ဈေးနှုန်း USD.PMT)

ဆန်အမျိုးအမည် ၃-၁၁-၂ဝ၁၆ ၁ဝ-၁၁-၂ဝ၁၆
ထိုင်းဆန်ဖြူ    ၁ဝဝ%
ထိုင်းဆန်ဖြူ    ၅%
ထိုင်းဆန်ဖြူ    ၂၅%
ထိုင်းပေါင်းဆန်
ဗီယက်နမ်ဆန်ဖြူ    ၅%
ဗီယက်နမ်ဆန်ဖြူ    ၂၅%
ပါကစ္စတန်ဆန်ဖြူ    ၂၅%
ပါကစ္စတန် ပေါင်းဆန်
အိန္ဒိယဆန်ဖြူ    ၂၅%
အိန္ဒိယ ပေါင်းဆန်
၃၇၂
    ၃၅ဝ
    ၃၄၅
    ၃၆ဝ
    ၃၅ဝ
    ၃၃၅
    ၃၄၅
    -
    ၃၃ဝ
    ၃၅၅
၃၇၂
    ၃၅ဝ
    ၃၄၅
    ၃၆ဝ
    ၃၅ဝ
    ၃၃၅
    ၃၄၅
    -
    ၃၃ဝ
    ၃၅၅

အိန္ဒိယဈေးကွက်ပဲဈေးနှုန်း

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းဈေးကွက်တွင် ဖြစ်ပေါ်နေသည့် ပဲမျိုးစုံ ဈေး နှုန်းများ၏ အခြေအနေကို ဇယား - ၂ အတိုင်း တွေ့ရှိရပါသည်။

ဇယား-၂ (ဈေးနှုန်း USD.PMT)

ပဲအမျိုးအမည် ၃-၁၁-၂ဝ၁၆ ၁ဝ-၁၁-၂ဝ၁၆
မတ်ပဲ
ပဲစင်းငုံ
ပဲတီစိမ်း
ကုလားပဲ ဖြူလုံးကြီး
၁ဝ၂၅
    ၈၇၇
    ၆၇၅
    ၁၄၉၉
၁ဝ၂၉
    ၈၇၃
    -
    ၁၅၅ဝ

 အောက်တိုဘာ ၃ဝ ရက် ကုန်ဆုံးသော ရက်သတ္တပတ်အတွင်း အိန္ဒိယနိုင်ငံသို့ တင်သွင်းသော ပဲမျိုးစုံပမာဏမှာ ၁၄၇၃၉၆ဝ တန်ရှိပါ သည်။ တင်သွင်းခဲ့သော ပဲများအနက်ပဲဝါလေးမှာ တန်ချိန်အများဆုံးဖြစ် ပြီး ၇၄၉ဝ၂ တန် ရှိခဲ့သည်။ ပဲစင်းငုံက ၄ဝ၁၉၂ တန်၊ မတ်ပဲက ၁ဝ၄၇၂ တန်နှင့် ကုလားပဲက ၈ဝ၅ဝ တန် ပါဝင်သည်။ ဘိုစားပဲနှင့် အခြားပဲများ ကိုမူ အနည်းငယ်သာ တင်သွင်းခဲ့သည်။

အထွက်နှုန်းမြင့်၍ အိန္ဒိယမြေပဲ ဈေးထိုးကျ

အိန္ဒိယနိုင်ငံတွင် မိုးစိုက်မြေပဲအထွက်နှုန်းကောင်းမွန်မှုကြောင့် မြေပဲ ဈေးနှုန်းမှာ အစိုးရ၏ အနိမ့်ဆုံးထောက်ပံ့ဈေးအောက် ကျဆင်း လျက်ရှိသ ဖြင့် မိုးမြေပဲပေါ်ဦးပေါ်ဖျားတွင် ပဲစိုက်တောင်သူများ ဒုက္ခရောက်နေရ သည်။ ရာဂျာကော့ လက်ငင်းဈေးကွက် တွင် မြေပဲဈေးမှာ တစ်ကွင်တယ် လျှင် ရူပီး ၃၇၅ဝ ရှိသဖြင့် ယခင်တစ်လက ဈေးနှင့် နှိုင်းယှဉ်ပါက ၁၇ ရာခိုင်နှုန်းကျဆင်းသည်။ အိန္ဒိယနိုင်ငံ၏ မြေပဲဆန်ထုတ်လုပ်မှုတွင် မိုးမြေ ပဲထုတ်လုပ်မှုက ၇၅ ရာခိုင်နှုန်းရှိပြီး၊ ဆောင်းစိုက်မြေပဲထုတ်လုပ်မှုက ၂၅ ရာခိုင်နှုန်း သာ ရှိသည်။

မောင်သုံးသပ်
 
Untitled Document
Thaung Aye said...
Wednesday 14 December 2016, 7:47 pm
မတ်ပဲယခုဈေးသိချင်ပါတယ်
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.