23 - 2 - 2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ချင်းတွင်းရေကြောင်း ကျပ်တည်းလာမှုကြောင့် ခရီးသွားလာသူနည်းပါး
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1002
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ပြည်တွင်း စီးပွား
မြန်မာ့ပို့ကုန်ဈေးကွက်သတင်း

ဆန်
    မြန်မာ-တရုတ်နယ်စပ်စခန်းများမှ အောက်တိုဘာလ နောက်ဆုံး ပတ်အတွင်း ဆန်တင်ပို့မှု အခြေအနေမှာ မူဆယ် ၁ဝ၅ မိုင်စခန်းမှ ငစိန်ဆန် ၅၉၅ တန်နှင့် ဧည့်မထဆန် ၂၅၈၉ တန်၊ ချင်းရွှေဟော်ကုန် သွယ်ရေးစခန်းမှ ငစိန်ဆန် ၇၃၆ တန်ကျော်၊ လွယ်ဂျယ်စခန်းမှ ငစိန် ဆန် ၃၇၈၅ တန် တင်ပို့ခဲ့သည်။ မူဆယ် ဆန်ဈေးကွက်မှာ အရောင်း အဝယ်ပြန်ကောင်းလာနေသော်လည်း မူဆယ်တွင် ဆန်များပုံနေခြင်း၊ တရုတ်ဘက်သို့သာ အထွက်ရှိနေခြင်းတို့ကြောင့် ဆန်ဈေးမှာ တစ်ဖက် နိုင်ငံ ယွမ်ဈေး အရ ဈေးကျနေ ရသည်။ ဧည့်မထ ၅ မှတ် မှော်ဘီနှင့် စူပါတစ်အိတ်လျှင် ယွမ် ၁၂ဝ မှ ၁၂၃ ယွမ်၊ ဧည့်မထ ၂၅ မှတ် မှော်ဘီ တစ်အိတ်လျှင် ယွမ် ၁၁ဝ မှ ၁၁၂၊ ငစိန် ၂၅ မှတ် တစ်အိတ်လျှင် ၁ဝ၈ ယွမ်မှ ၁၁၂ ယွမ်ဈေးရှိပါသည်။ ယခင်တစ်ပတ် ဈေးများထက် တစ်အိတ်လျှင် ပျမ်းမျှ လေးယွမ်မှ ရှစ်ယွမ်အထိ ဈေးကျနေပါသည်။ ပင်လယ်ရေကြောင်းမှ နေ၍ ယခုတစ်ပတ်အတွင်း ပြည်ပသို့ ဆန်ဖြူနှင့် ပေါင်း ဆန် ၃၆၄၆ တန် တင်ပို့ခဲ့ရာတွင် ဈေးကွက်သစ်ဖြစ်သည့် အမေ ရိကတိုက် အလယ်ပိုင်းနိုင်ငံဖြစ်သော ကော့စကာရီကာနိုင်ငံသို့ ငစိန်ဆန် တန် ၅ဝ တင်ပို့ခြင်းဖြင့် ဈေးကွက်ချဲ့ထွင်ခဲ့သည်။

ပဲမျိုးစုံတင်ပို့မှု

 အောက်တိုဘာလ ၂၂ ရက်မှ ၂၉ ရက်အထိ ပြည်ပသို့ ပဲမျိုးစုံတင် ပို့မှုတန်ချိန်ကို ဇယား-၁ အတိုင်း တွေ့ရှိရပါသည်။

ဇယား-၁ (ရေတွက်ပုံ - တန်)

ပဲအမျိုးအမည် ၂၂-၁ဝ-၂ဝ၁၆ ၂၉-၁ဝ-၂ဝ၁၆
မတ်ပဲ
ပဲတီစိမ်း
ပဲစင်းငုံ
ကုလားပဲ
ပဲလွန်းဖြူ
မြေထောက်ပဲ
၁ဝ၂၅၅
၂၈၂၇
၃၂၅၉
၆ဝဝ
၎ဝ၈
၂၁၇
၁၁၅ဝ၂
    ၅၁၃၂
    ၂၉၁၁
    ၁၁၁၉
    ၂၆၂
    ၆၄၃

ယခုတစ်ပတ် ၄-၁၁-၂ဝ၁၆ အထိ ဘုရင့်နောင် ဈေးကွက်တွင် မတ်ပဲရောပဲစင်းငုံပါ ပြည်ပဝယ်လက်အဝယ်မလိုက်သဖြင့် ဈေးများကျ ဆင်းခဲ့သည်။ မတ်ပဲ FQ/RC တစ်တန်လျှင် ယခင်တစ်ပတ်က ကျပ် ၁၄၂ဝဝဝဝ ရှိခဲ့သော်လည်း ယခုတစ်ပတ်တွင် ကျပ် ၁၃၄၄ဝဝဝ အထိ ဈေးကျခဲ့သည်။ မတ်ပဲ FQ/RC တစ်တန်လျှင် ယခင်တစ်ပတ်က ကျပ် ၁၄၈ဝဝဝဝ ရှိခဲ့သော်လည်း ယခုတစ်ပတ်တွင် ကျပ် ၁၄၁ဝဝဝဝ သို့ လည်းကောင်း၊ ပဲစင်းငုံနီတစ်တန်လျှင် ယခင်တစ်ပတ်က ကျပ် ၁ဝ၂၅ဝဝဝ မှ ယခုတစ်ပတ်တွင် ကျပ် ၉၄ဝဝဝဝ အထိ ဈေးများ ကျခဲ့ သည်။ ယခုတစ်ပတ် မန္တလေးဈေးကွက်တွင် ပဲတီစိမ်းဈေးမှာ ယခင်တစ် ပတ်ထက် အနည်းငယ်သာတက်လာပြီး တစ်ပိဿာကျပ် ၁၅ဝဝ (တစ်တန် လျှင် ၉၁၈၅၈၅ ကျပ်) ဖြင့် အရောင်းအဝယ်ဖြစ်နေပါသည်။ မူဆယ်သို့ နေ့စဉ် ပဲတီစိမ်းအိတ် ၁၅ဝဝ ကျော် တင်ပို့လျက်ရှိကြောင်း သိရသည်။ မတ်ပဲဈေးမှာ ယခင်တစ်ပတ်က တစ်ပိဿာလျှင် ၂၂၈၃ ကျပ်ရှိခဲ့ရာမှ ယခုတစ်ပတ်တွင် ကျပ် ၂၂၅ဝ (တစ်တန်လျှင် ၁၃၇၇၈၇၈ ကျပ်) အထိ ဈေးကျခဲ့ပြီး ဘုရင့်နောင်ဈေးကွက်သို့ နေ့စဉ်အိတ် ၅ဝဝ ကျော်တင်ပို့နေရ သည်။

မူဆယ်ဈေးကွက်တွင် ပြောင်းဈေးကွက်

ယခုတစ်ပတ် မူဆယ်ဈေးကွက်တွင် တရုတ်နိုင်ငံမှ ပြောင်းကုန်သည် များက ဈေးကောင်းပေးဝယ်ယူလာကြသဖြင့် ယခင်တစ်ပတ် ထက် ဈေး တက်လာသည်။ ယခုတစ်တွင် ပြောင်းကီလို ၅ဝ တစ်အိတ်လျှင် ၆၈ ယွမ်မှ ၇၂ ယွမ် (တစ်တန်လျှင် ယွမ် ၁၃၆ဝ မှ ၁၄၄ဝ) အကြား ပစ္စည်းအ ပေါ်မူတည်ပြီး ဈေးကွက်ဖွင့်ခဲ့သည်။ ယခုတစ်ပတ်အတွင်း တရုတ်နိုင်ငံ ဘက်သို့ တန်ချိန် ၂၄ဝဝဝ ကျော် တင်ပို့နိုင်ခဲ့သဖြင့် ယခင်တစ်ပတ်ထက် တန် ၉ဝဝဝ ကျော် ပိုမိုတင်ပို့နိုင်ခဲ့သည်။

မောင်သုံးသပ်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.