အင်အားနည်းသော ဆိုက်ကလုံးမုန်တိုင်း ဘင်္ဂလားဒေ့ရှ် ရင်ဆိုင်ခန့်မှန်းထားသည်ထက် အပျက်အစီးနည်းပါး
အင်အားနည်းသော အပူပိုင်းဒေသ မုန်တိုင်း မဟာစင် ဆိုက်ကလုန်းသည် မေလ ၁၆ ရက်၊ ကြာသပတေးနေ့က ကုန်းတွင်းပိုင်းသို့ ဝင်ရောက်သွားခဲ့သည်။
ပယ်လယ်တွင်းမှ ရေများတက်ခဲ့သည်။ မိုးသည်းထန်စွာရွာသွန်း၊ လေများတိုက်ခတ်မှု ပြင်းထန်ခဲ့သည်။ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းကျေး ရွာများ မျှော်မှန်းထားသလောက် မပျက်ဆီးခဲ့ပေ။ မြန်မာနိုင်ငံကား ပို၍ သက်သာရာရခဲ့၏။
စီးပွားရေး ကျဆင်းလာတဲ့ ဥရောပ
ဂျာမနီနိုင်ငံဟာ တဖြည်းဖြည်းနဲ့ စီးပွားရေးအကျဘက်ကို ရွေ့လျားနေတယ်။ ဂျာမနီရဲ့ စက်မှုစီးပွားရေး စွမ်းပကားကို Daimler ကုမ္ပဏီကြီးလောက် ကိုယ်စားပြု ဖော်ညွှန်းနိုင်တဲ့ အခြားကုမ္ပဏီ ဂျာမနီနိုင်ငံမှာ မရှိသေးဘူး။ ကမ္ဘာတစ်လွှားမှာ ကျော်ကြားနေတဲ့ Mercedes-BenZ ကုန်အမှတ်တံဆိပ်ပါ ကားမျိုးစုံ ထုတ်လုပ်နေတဲ့ ဧရာမကုမ္ပဏီကြီး ဖြစ်တယ်။ ခုတော့ ဒီကုမ္ပဏီကြီးလည်း ဥရောပ စီးပွားရေး ဒီရေအကျမှာ ရောကောသောကောနဲ့ မျောပါသွားတော့မလို ဖြစ်နေပြီ။
တရုတ်တယ်လီကွန်း၏ နည်းပညာ ခြေလှမ်းများ
အရှေ့ဖျား နည်းပညာ ရပ်ဝန်းမှာ အိန္ဒိယလိုပဲ ခြေလှမ်း ကျဲကျဲလှမ်းနေတဲ့ ဒေသတစ်ခု ရှိ ပါသေးတယ်။ အဲဒါကတော့ လူဦး ရေ သန်းထောင်နဲ့ချီ နေထိုင်လျက် ရှိတဲ့ တရုတ်နိုင်ငံ ဖြစ်ပါတယ်။
တရုတ်ဟာ လူဦးရေ သန်းထောင်နဲ့ ချီရှိနေတဲ့အတွက် ပြည်တွင်းစားသုံးမှုကတင်ပဲ ထုနဲ့ ထည်နဲ့ အင်နဲ့အားနဲ့ အလိုအ လျောက် ရှိနေပြီးသားနိုင်ငံဖြစ်လို့ဘယ်ကုန်ပစ္စည်းပဲထုတ်ထုတ်၊ပြည်တွင်းစားသုံးမှုအတွက်တင်တော်တော်လေးထုတ်လုပ်နေရတဲ့ နိုင်ငံ ဖြစ်ပါ တယ်။
အဲဒါကြောင့်လည်း မို ဘိုင်းဖုန်းဆက်သွယ်မှုတွေ ထွန်း ကားပြီးရင်း ထွန်းကားနေတဲ့ လတ် တလော တယ်လီကွန်းခေတ်အခါ ထဲမှာ တရုတ်ရဲ့ မိုဘိုင်းဖုန်း ထုတ် လုပ်မှု တစ်နည်းအားဖြင့် China Mobile Phone Industry ဟာ လည်း တစ်ဆင့်ပြီးတစ်ဆင့် မြင့် မားလာပြီး ပြည်တွင်းဈေးကွက်မှာ သာမက နိုင်ငံတကာ ဈေးကွက် တွေမှာပါ ဝေစုတစ်ခု အခိုင်အမာ ရရှိနေပါပြီ။
၂ဝဝ၇ ခုနှစ်အတွင်းမှာ တရုတ်ပြည်တွင်း မိုဘိုင်းဖုန်း ထုတ်လုပ်မှု အရေအတွက်အနေနဲ့ သန်း ၆ဝဝ ထိရှိခဲ့ပြီး အဆိုပါ ကိန်း ဂဏန်းဟာ ကမ္ဘာ့ဈေးကွက်မှာရှိတဲ့ မိုဘိုင်းဖုန်းအရေအတွက်ရဲ့ ၅ဝ ရာခိုင်နှုန်း ဖြစ်တယ်လို့ သိရပါ တယ်။
ဆားပုလင်းနှင်းမောင်နှင့် ထူးဆန်းသော သွေးစစ်ပစ္စည်း
နံနက်စောစောအချိန်ဖြစ် ၍ ရွှေဘုံသာလမ်းတစ်လျှောက် လူသူ ကင်းရှင်းနေ၏။
အစာမစားဘဲ နံနက် စောစော သွေးစစ်ရသော ဆီးချို လူနာတချို့သာ သွေးစစ်ရန် ရောက်ရှိနေကြ၏။
ရွှေဘုံသာလမ်းနှင့် အနော်ရထာလမ်းထောင့်ရှိ ညောင်ရမ်းဆေးတိုက်တွင် ဓာတ်ခွဲမှူး ဦးဥာဏ်အုန်း ရောက်ရှိနေပြီဖြစ်၏။
ညဆယ်နာရီကျော်သည် နှင့် အစာမစားဘဲ အငတ်ခံနေရသော